19 March 2014
ကျွဲများအား စက်လှေဖြင့် တရားမ၀င်သယ်ဆောင်လာစဉ် ဖမ်းဆီးရမိ
၁၆.၃.၂၀၁၄ ရက်နေ့တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၆)စစ်ရေယာဉ်စုလက်အောက်ခံ ထောက်ပံ့ရေးရေယာဉ်(၆၂၃)တွင်လိုက်ပါသော ဗိုလ်တထောင်မြို့နယ်၊သန်လျက်စွန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်ကြီး အောင်ဝင်းလှိုင်နှင့်အဖွဲ့သည် မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်အတွင်း စစ်ဆင်ရေးတာဝန်
ဆောင်ရွက်နေစဉ် ဖျာပုံဘက်မှကျိုက္ခမီဘက်သို့ ခုတ်မောင်းနေသော စက်တပ်လှေတစ်စီးအားတွေ့ရှိသဖြင့် စစ်ဆေးရန်တားမြစ်ခဲ့သည်ကို ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ပင်လယ်ဝ၏တောင်ဘက် ရေမိုင်(၇)မိုင်ခန့်အကွာတွင် ဖမ်းဆီးရမိခဲ့
ပါသည်။
ဖမ်းဆီးရမိသော စက်တပ်လှေအားစစ်ဆေးရာ အလျား(၄၄)ပေ၊ အနံ (၁၂.၅)ပေ၊ ရေစူး(၄)ပေရှိပြီး ၎င်းစက်လှေပေါ်၌ မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်နေ လှဌေး၊ ပဲ့နင်း၊ (ဘ)ဦးသောင်းဆွေ၊ သန်းနိုင်၊ စက်ဆရာ၊ (ဘ)ဦးအုန်းငွေ၊ သိန်းလွင်၊ လှေလုပ်သား၊ (ဘ)ဦးမောင်ညို၊ ဧရာဝတီတိုင်း
ဒေသကြီး၊ဖျာပုံမြို့နယ်နေ တင်မောင်ဌေး၊လှေလုပ်သား၊(ဘ)ဦးဝင်းကြည်၊ ၀င်းဇော်၊ လှေလုပ်သား၊ (ဘ)ဦးဝင်းကြည် တို့(၅)ဦးမှ ကျွဲ(၁၉)ကောင်၊ ကာလတန်ဖိုးငွေကျပ်(၅၇)သိန်းခန့်ကို တရားမ၀င် သယ်ဆောင်လာ
ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။
သို့ဖြစ်၍ လှဌေးပါ(၅)ဦးအား ဆိပ်ကမ်းမြို့မရဲစခန်း(ပ)၇၁/၂၀၁၄၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment