19 March 2014

မြန်မာနယ်စပ်အနီး မူးယစ်မှောင်ခိုအဖွဲ့နှင့် ပစ်ခတ်မူဖြစ်၍ ဘင်္ဂလာရဲတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရ

                                                                                                  Bangladesh police


မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့နယ်တွင် မြန်မာဘက်က စိတ်ကြွ ဆေးပြားများ တင်သွင်းလာသော မှောင်ခိုသမားများနှင့် ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားသဖြင့် ရဲအရာရှိ နှစ်ဦးအပါ အ၀င်ရဲတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်း ရရှိသည်။

ပစ်ခတ်မှုမှာ ယမန်နေ့ ( မတ်လ ၁၇ ရက်) ညနေ ၉ နာရီခန့်တွင် မောင်တောမြို့နှင့် မျက်နာချင်းဆိုင်  တက်ကနက်မြို့နယ်မှ ဟာရီယာခါးလီဒေသတွင် ဖြစ်ပွားခဲ့သည်။

မြန်မာဘက်က စိတ်ကြွဆေးပြားတင် သွင်းလာမည်ဟု သတင်းရသဖြင့်  ရဲတပ်ဖွဲ့ဝင်များ စောင့်နေစဉ်  ဆေးပြားများ သယ်လာသူ မှောင်ခိုင်သမား ၇ ဦးနှင့် တွေ့ဆုံ ပစ်ခတ်မူများ အပြန်အလှန် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။


ပစ်ခတ်မှုအတွင်းမှာ ရဲတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရရှိသွားခဲ့သော်လည်း ဆေးပြားသယ်လာသူများ အထဲမှ  အဖွဲ့ဝင် တစ်ဦးကို စိတ်ကြွ ဆေးပြား ၃၀၀၀၊ လုပ်သေနတ် တစ်လက်၊ ကျဉ်ဆန် ၂ တောင့်နှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးမိကြောင်း ယနေ့ထုတ် ဘင်္ဂလာ သတင်းစာများတွင် ဖေါ်ပြသည်။

Narinjara

No comments:

Post a Comment