ခင်ပွန်း ဖြစ်သူ အိမ်ထောင်ရေး ဖောက် ပြန်သော ကြောင့် ဆဲဆို ရိုက်နှက် သည့်
ဇနီး ကို ခင်ပွန်းဖြစ် သူ က ဓားဖြင့် ထိုးသတ်မှု တစ်ခု မတ်လ (၁၄) ရက်နေ့ ည က
ဖြစ်ပွား ခဲ့ကြောင်း တောင်ဒဂုံ မြို့မ ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦး က The
Messenger သတင်းစာ သို့ ပြောသည်။
ယောက်ျား လုပ်တဲ့သူ နောက် ကောင် မလေးတစ်ယောက်နဲ့တွဲနေတာမြင်ရတော့ မိန်းမက
ဆဲဆို ရိုက် နှက်တယ်။ အဲဒါကို ယောက်ျားဖြစ်သူက အရက်မူးပြီး သွေးဆူ
နေတဲ့အချိန်ဆိုတော့ ဒေါသ ထွက်ပြီး ဓားနဲ့ ထိုး လိုက်တာပါ ဟု အဆိုပါ
တာဝန်ရှိသူက ပြောသည်။ သေဆုံးသူမ.....၊(၄၀) နှစ်မှာ တောင်ဒဂုံ မြို့နယ် ( )
ရပ် ကွက် အတွင်းနေထိုင်သူဖြစ် ပြီး ခင်ပွန်းဖြစ်သူက အရိုးအသွား ရှစ်လက်မ
ခန့်ရှိ မီးဖိုချောင်သုံးဓားဖြင့် ထိုးခဲ့ခြင်း ဖြစ် ကြောင်း
တောင်ဒဂုံမြို့မရဲစခန်းမှ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မ..(၄၀) နှစ်၏ မိခင်ဖြစ်သူက တရားလို ပြု လုပ်တိုင်
တန်းခဲ့ပြီး၊ တောင် ဒဂုံ မြို့မ ရဲစခန်းက(ပ) ၂၃၄/ ၁၄၊ ပြစ်မှု ပုဒ်မ (၃၀၂)
ဖြင့် အမှုဖွင့် အရေး ယူခဲ့ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း တောင် ဒဂုံ
မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
Messenger News Journal
No comments:
Post a Comment