21 March 2014

ဒေါ်အောင်ဆန်းစုကြည်ဇာတ်ရုပ်သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော်ရုပ်ရှင် မင်းသမိး မီရှဲလ်ယို ၏ မြန်မာပြည်ခရီးစဉ်နှင့် အမှတ်တမဲ့မှ အမှတ်တရဓာတ်ပုံ

ကမ္ဘာကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး မီးရှဲလ်ယိုက ” စု” ဖောင်ဒေးရှင်း ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအနေဖြင့် မတ်လ ၉ရက်နေ့က ကျင်းပတဲ့ “စု” ဖောင်ဒေးရှင်းကပွဲကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ရင်း မတ်လ ၁ဝရက်နေ့မှာတော့ ရွှေတိဂုံစေတီတော်သို့ သာမန်လူတစ်ဦးလိုပင် တက်ရောက် ဖူးမြော်ခဲ့ကြောင်း သိရပါ တယ်။ ရွှေတိဂုံစေတီတော်သို့ ဖူးမြော်ဖို့လာတဲ့ ကမ္ဘာကျော်မင်းသမီးကို ဓာတ်ပုံဆရာ ကိုအေးဇော်မိုး (စက်မှု)က အမှတ်တမဲ့တွေ့ဆုံဖြစ်ပြီး အမှတ်တရဓာတ်ပုံ ရိုက်ပေး ခဲ့ရကြောင်းကို ” အစ်ကိုက နေ့တိုင်း ဘုရားတက်ဖြစ်နေတာကြာပြီ။ အမေ၊ အဖေတို့နဲ့ပေါ့။ မီရှဲလ်ကလည်း သူ့ဘာသာဘုရားလာတာ။ သူ့အဖော်တွေက ၅ ယောက်ေ လာက်ပါတယ်။ သူက တနင်္လာ သမီးထင်တယ်။
တနင်္လာထောင့်မှာ ရေသပ္ပာယ်နေတာ။ မီရှဲလ်ယိုမှန်း တချို့ တော်တော်များများကမသိကြဘူး။ အစ်ကို ကတော့ သူ့ဇာတ် ကားတွေကိုတအား ကြိုက်တာ။ သူ့ပရိသတ်ဆိုတော့ ဒီလိုကမ္ဘာကျော်နဲ့တွေ့တုန်း အမှတ်တရဓာတ်ပုံရိုက်ဖြစ်ခဲ့တာ။ အရင်ကဂျက်ကီချန်းတို့ လာတုန်း ကလည်း သွားပေမယ့် အလုပ်နဲ့ဆိုတော့ ဓာတ်ပုံမရိုက်ဖြစ်ဘူးလေ။ အခုကတော့ အမှတ်တရပေါ့။ သူက “စု” ဖောင်ဒေးရှင်း တက်ဖို့လာတာလို့ပြောတယ်။ သူ့ကို ခွင့်ေ တာင်းပြီး ဓာတ်ပုံရိုက်ဖြစ်တာပါ။ သူကတော့ကျေးဇူးတင်ပါတယ်လို့ မြန်မာလိုပြန်ပြောတယ်” လို့ ပြော ပြခဲ့ပါတယ်။

မေမွန်မောင်/popularmyanmar

No comments:

Post a Comment