21 March 2014

အနုပညာအလုပ်မှာ ရေရှည် တည်တံ့နိုင်ဖို့ လိုအပ်ချက်တွေကို ပြောပြတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေက “ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်ကားကို ပြေတီဦးနဲ့ ရိုက်ကူးနေပါတယ် ။ပြေတီဦးရဲ့ ဇနီးနေရာကို ပြေတီဦး အတိတ်မေ့နေတုန်း နေရာဝင်ယူ တဲ့သူ တစ်ယောက် အဖြစ် ဗီလိန်ဆန်ဆန် သရုပ်ဆောင် ရတာဖြစ်တာကြောင့် ဇာတ် ကား နဲ့ပတ်သက်ပြီး ခိုင်နှင်းဝေက “ဒီကားထဲမှာ အစ်မက ဗီလိန် တော့ဖြစ်ပေမယ့် ဇာတ်လေး ကလည်း ကောင်းတယ် ဆိုတော့ အရင်ဆုံး ဇာတ်ဖတ်ကြည့်ဖြစ်တာ ။အဓိကကတော့ အစ်မ ပါဝင်ရတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားထား ပါတယ်။ လုပ် မယ်လို့ ဆုံးဖြတ်ပြီးရင် အကောင်းဆုံးပဲ လုပ်တယ်။ အလုပ်တစ်ခုက မလုပ် ခင်မှာဘဲ စဉ်းစားလို့ ရတယ်။ လုပ်ပြီးရင် အပီပြင်ဆုံးပဲ လုပ်ဖို့စဉ် စားပါတယ်။ ပရိသတ် ကလည်း ခေတ်မီနေပါပြီ။ ကိုရီယားကားတွေ မှာဆိုလည်း ဒီလိုပဲ ဗီလိန်တွေ ပါကြတယ်လေ။ သရုပ်ဆောင်တာ တော်ရင် နာမည်ထွက် မှာပဲ လေ။ ဗီလိန် ဆိုရင် မုန်းတယ် ဆိုတဲ့ ရှေး အယူအဆတွေ လည်း မရှိတော့ပါဘူး”လို့ ပြော ပြပါတယ်။
ဇာတ်ကား ရိုက်ကူးမှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန် ရိုက်ကူး သွားပြီး ကိုယ် ရိုက်မယ့် ဇာတ်ရုပ်နဲ့ ပါဝင်မှုကို ကြည့်ပြီး ရိုက်ဖြစ်တယ်လို့ ပြောပြတာကြောင့် “အစ်မက ၅နှစ် လောက် အနုပညာ အလုပ်တွေ ကင်းကွာ ခဲ့တယ်လေ။ အသစ် တွေလည်း အများကြီး ပေါ်လာတယ်လေ။ ခိုင်နှင်းဝေ ဆိုတာ တစ်ချိန်တုန်းက လူသိခဲ့တယ် ဆိုပေမယ့် ကိုယ်ပြန် ရပ်တည်တဲ့အခါ ပရိသတ်က လက်မခံရင် အစ်မ ဘာ ရပ်တည်လို့မရပါဘူး။ မရဲတရဲနဲ့ ဒီလမ်းကို ပြန်လျှောက် တဲ့အခါ ပရိ သတ်တွေ နေ ရာပြန်ပေးတယ်။ လက်ခံကြတဲ့ အတွက် တအား ဝမ်းသာပါတယ်။ အစ်မရဲ့ ဘေးမှာ အဒေါ်က ထိန်းကွပ်ပေးတယ်။ ကိုယ်က နေရာပြန်ယူ တတ်ရမယ်။ ဇာတ်အိမ် တစ်ခု မှာ မင်းသမီးဘယ် နှစ်လက်ပဲ ပါပါ မိန်း ကာရိုက် တာဖြစ် တယ်ဆို လက်ခံရိုက်ရမယ်။ ဒါမှအနုပညာ လုပ်ငန်းမှာ ရေရှည်ရပ် တည်နိုင်မယ်။ လမ်းကြောင်းပြပေး တဲ့ လမ်းပေါ် မှာပဲလျှောက် ခဲ့တာပါ။ ဇာတ်တိုင်းတော့ လက်ခံ မရိုက်ပေမယ့် ရိုက်တဲ့ဇာတ်မှာ အစ်မက ဘယ်လောက် အရေးပါလဲ ဆိုတာ ပါဝင်မှု ကို ယုံကြည်ပြီး လက်ခံတယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်၊/popularmyanmar
ဓာတ်ပုံ-မင်းမင်းထွန်း

No comments:

Post a Comment