21 March 2014

အနုပညာရှင် နဲ့ စီးပွားရေး လုပ်ငန်းရှင် ကွာခြားမှုတွေ အကြောင်း ပြောပြတဲ့လွင်မိုး

အနုပညာ လောကမှာ အောင် မြင်မှု တစ်ခုကို ပိုင်ဆိုင်ထားပြီး စီးပွားရေး လုပ်ငန်းရှင်ဖြစ်တဲ့ အခါ မှာလည်း ဒီအနုပညာကို သံယောဇဉ် ကြီးကြောင်း၊ အနုပညာနဲ့ ပတ်သက် ပြီး တစ်ခုခု လုပ်ပေးဖို့ ဆန္ဒရှိပြီး အခု ဆန္ဒပြည့်ဝပြီ ဖြစ်ကြောင်း ပြောပြလာ သူကတော့ အကယ်ဒမီ လွင်မိုးပဲ ဖြစ်ပါတယ်။ အများပိုင် ကုမ္ပဏီ (MMPD) ကို ကနဦး ထူထောင်သူ မှာပါဝင်ပြီး အနုပညာ လောက အ တွက် တစ် ထောင့် တစ်နေရာမှာ ပါဝင်ခွင့်ရတဲ့ အပေါ် ကျေနပ်ကြောင်း လွင်မိုးက ပြောပြခဲ့ပါတယ်။
စီးပွားရေးသမား ဖြစ်သွားရတဲ့ အကြောင်း
စီးပွားရေး သမား ဖြစ်သွားတာ၊ အနုပညာ လောကနဲ့ ကင်းကွာပြီး မလုပ်ဖြစ်တာ ငါးနှစ်လောက် ရှိပြီ။ ကျွန်တော်လည်း အနုပညာ လုပ်ငန်းကို အများ ကြီးအောင်မြင် အောင် လုပ်ခဲ့ပေမယ့်လည်း တကယ် တမ်းကျတော့ ကိုယ် လုပ်ချင်တဲ့ အနု ပညာတွေ၊ ကိုယ်ဖြစ်ချင်တဲ့ ပုံစံတွေ ကိုယ့်ဘဝ ရပ်တည်မှု မှာ ဒီအနုပညာ တစ်ခု တည်း မလုံလောက်ဘူး ဆိုတာ ဒီစီးပွားရေးကို လုပ်တဲ့အပိုင်းတွေ ပါ လာတယ်။ အခု တိုက်တိုက်ဆိုင်ဆိုင် ပဲ ဒီလို စိတ်ဓာတ်ကနေ အနု ပညာ လောက အတွက် စီးပွားဖြစ်မယ့် လုပ် ငန်း တစ်ခုမြင်လာတယ်။ အဲဒါက အများပိုင်ကုမ္ပဏီပါ။

အနုပညာအပေါ်အမြင်
 အနုပညာ အလုပ်ဆို တာက စဉ်းစားကြည့်ရင် သိပ်ချစ်စရာ ကောင်းတဲ့ အလုပ်ပါ။ သိုက်သိုက် ဝန်းဝန်း ရှိတယ်။ မိသားစုလို ခင်ခင် မင်မင် နဲ့ဖွဲ့စည်းပြီးတော့ လုပ်ရတဲ့ အလုပ်ဖြစ်တဲ့ အတွက် ကျွန်တော် လည်းသံယောဇဉ် အများ ကြီးရှိပါတယ်။ စီးပွားရေး လုပ်တဲ့ အချိန်မှာ ဘာရှိလဲ ဆိုတော့ စီးပွား ရေးလောက မှာ ငွေရေးကြေးရေး အမြတ် အစွန်း ဆိုတဲ့ဟာကတော့ စီးပွားရေးသမား တိုင်းက တော့ စီမံ အကွက်ချပြီး လုပ် ရတဲ့ အလုပ်ဖြစ်တယ်။ ငွေ ရေးကြေးရေး အမြတ် အစွန်း တစ်ခုကို အကောင် အထည် ဖော်တဲ့ နေရာမှာ ပူးပေါင်း ဆောင်ရွက်သူတွေ ကြားမှာ ယုံကြည်မှု ဆိုတာလည်း လိုတယ်။ ကျွန်တော်က အောင်မြင်တဲ့ သရုပ် ဆောင် တစ် ယောက် ဖြစ် တဲ့ အတွက် စီးပွားရေးနဲ့ ပတ်သက်ပြီး ကျွန်တော် က တစ်ဖက်ကို သွားကမ်းလှမ်းတာပဲ ဖြစ်ဖြစ်၊ ကျွန်တော့်ကို လာကမ်း လှမ်းတာ ပဲဖြစ်ဖြစ် ပူးပေါင်း ဆောင် ရွက်တဲ့ အခါမှာ ပထမဆုံး အချက်ဖြစ် တဲ့ ယုံကြည်မှုမှာ ကျွန်တော့် အပေါ် မှာ အများကြီးရှိခဲ့တာ တွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ အောင်မြင် ခဲ့တဲ့ အနုပညာ သမား တစ်ယောက် ရဲ့ ကျေးဇူးပါ။ အဲဒီ ယုံကြည်မှု အခွင့် အရေးကို ယူပြီးတော့ စီးပွားရေးမှာ အောင်မြင်အောင် လုပ်ရတာပါ။
အနုပညာလောကမှာ
အောင်မြင် ခြင်းလျှို့ဝှက်ချက်
အနုပညာသမား တစ်ယောက် က အနုပညာလောကမှာ အောင်မြင် ဖို့ဆိုတာ သေချာတာ တစ်ခုကတော့ အနုပညာ အလုပ်ကို တစ်စိုက်မတ် မတ် လုပ်ဖို့ပါပဲ။ ဒါကို အမှီသဟဲ လုပ် ပြီးဖြစ်စေ၊ အမှီပြုပြီး လုပ်သည်ဖြစ် စေ၊ ခုတုံး လုပ်သည်ဖြစ်စေ အနု ပညာကို အောင်မြင်အောင် လုပ်လို့ မရဘူး။ အခု ကျွန်တော် တို့ ရုပ်ရှင် လောကထဲ ကို ဝင်ထွက် သွားလာတာ လွယ်ကူတဲ့ သဘောရှိတဲ့အတွက် ကျော်ကြားမှု ကတော့ ဖြစ်မယ်။ ဒါပေမဲ့ သေချာပြန်ပြီး ဆန်းစစ်မယ် ဆိုရင် သူ့ရဲ့ ရသမြောက်တဲ့ အနု ပညာ  တွေ၊ သူ ဖန်တီးခဲ့တဲ့၊ စွဲလမ်းပြီး ပရိ သတ် ဆီကရတဲ့ အနုပညာမျိုး ရဖို့ဆို တာကတော့ အနုပညာ အလုပ်ကို တစ်စိုက်မတ်မတ် လုပ်ဖို့ လိုတယ်။
အနုပညာရှင်နှင့်
စီးပွားရေးသမား ကွာခြားချက်
အများကြီး ကွာတယ်။ အနု ပညာသမားက စိတ်ခံစားချက်ကို အဓိကထား ဦးစားပေးတယ်။ အနု ပညာသမားက စိတ်နဲ့ အလုပ်လုပ် တယ်။ ရင်းနှီး ခင်မင်မှုနဲ့ လုပ်တယ်။ တစ်ဦး ကို တစ်ဦး ယုံကြည်မှု နဲ့အလုပ် လုပ်ရတယ်။ စီးပွားရေး သမား ဆိုတာ က တစ်ယောက် နဲ့ တစ်ယောက် ဒီ စီးပွားရေး အစီအစဉ် ချတဲ့ နေရာ မှာ ငွေရေးကြေးရေးပေါ် အဓိက ထားပြီး ချတဲ့ အတွက် ဒီငွေကြေးတွေ မဆုံးရှုံး ဖို့အတွက် ဒီအရာကို ကာကွယ်တဲ့ နေရာမှာ ခုနက ဒီခင်မင်မှု၊ ရင်းနှီးမှု၊ နားလည်မှုတွေ နည်းတော့ နည်းပါး တယ်။ ကျွန်တော့် ကုမ္ပဏီက သူငယ် ချင်းတွေ နဲ့ ဖွဲ့ထားတယ်။ ကိုယ့်အပိုင်း နဲ့ ကိုယ်လုပ်ရတယ်။

ထူးထူး/popularmyanmar

No comments:

Post a Comment