ပေါက်ကွဲမှုကြောင့် ၅ထပ်တိုက် နှစ်လုံး ထိခိုက် ပျက်စီးသွား
အမေရိကန် နယူးယောက်မြို့မှာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး ၅ထပ်တိုက်
နှစ်လုံး ထိခိုက် ပျက်စီးသွားခဲ့ရာမှာ ပေါက်ကွဲမှုဟာ ဂက်စ် ဓါတ်ငွေ့
ယိုစိမ့်မှုကြောင့် ဖြစ်ခဲ့တာလို့ နယူးယောက် မြို့တော်ဝန် Bill de Blasio က
ပြောပါတယ်။
အထက် Manhattan မှာ ရှိတဲ့ Harlem ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ
ပေါက်ကွဲမှုကြောင့် လူ ၃ဦး သေဆုံးသွားပြီး ၉ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့
နယူးယောက် မြို့တော်ဝန် ရုံးက ပြောပါတယ်။
လူ ၆၀ကျော်လည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုက ငလျင်တခုနဲ့ အလားတူတယ်လို့ အနီးအနား အဆောက်အအုံတွေမှာ နေထိုင်နေတဲ့ သူတွေက ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်တဲ့ နေရာကို မီးသတ်သမား နှစ်ရာ့ငါးဆယ်ကျော် ရောက်လာတယ်လို့ သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
No comments:
Post a Comment