09 March 2014

စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် ကရင်ပြည်နယ်၊ အမှတ်(၃၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မြ၀တီ)မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မြ၀တီမြို့၊ ရပ်ကွက်(၃)၊ စစ်ဆေးရေးဂိတ်အနီး၊ မြ၀တီ-မယ်ထော်သလေး လမ်းပေါ်၌ ၎င်းရပ်ကွက်နေ အောင်ဇော်မြင့် (၃၈)နှစ်အား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် လုံချည်ခါးပုံစအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃၁၃)ပြား၊ အစိမ်းရောင် (၃)ပြား၊ WB စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၇၁)ပြား၊ စုစုပေါင်းဆေးပြား (၃၈၇)ပြား၊ တန်ဘိုးငွေကျပ် (၁၁.၆၁)သိန်းအား သိမ်းဆည်း ရမိသောခဲ့ကြောင့် အောင်ဇော်မြင့်အား မြ၀တီမြို့မရဲစခန်း မယ(ပ) ၁၃/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)/ ၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment