09 March 2014

သားဖြစ်သူ ကိုးတန်းကျောင်းသား မောင်းသည့်ဆိုင်ကယ်ပေါ်မှ စီးနင်းလိုက်ပါလာသည့် မိခင်ဖြစ်သူတစ်ဦး ပြုတ်ကျ သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ အုပ်ကုန်းကျေးရွာအုပ်စု၊ စပါးကျေးရွာ၏ အရှေ့ဘက်တွင် ယခုလ ၇ ရက်နေ့ ညနေ ၃ နာရီခွဲက ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ ၀င်မနားနယ်မြေရဲစ ခန်းရှိ ရဲတပ်ကြပ်ကြီး ခင်လင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သက်ဆိုင်ရာ ရဲဌာန၏ စစ်းဆေးချက်များအရ ကနီးမြို့နယ်၊ ဘုတ်ကုန်းကျေးရွာအုပ်စု၊ ပတိန်စုကျေးရွာနေ န၀မတန်း ကျောင်းသား မောင်အောင်မျိုးထက် အသက်(၁၅)နှစ်၊ဆိုသူသည် ANBO 125 ဆိုင်ကယ်အား ရှေ့မှစီးနင်းမောင်းခဲ့ ပြီး မိခင်ဖြစ်သူ ဒေါ်သိန်းပို အသက်(၅၁) နှစ်ဆိုသူမှ ဆိုင်ကယ်၏ နောက်တွင် ထိုင်၍လိုက်ပါလာခဲ့ပြီး စပါးကျေးရွာမှ ပတိန်စုကျေးရွာသို့ သွားရာလမ်းတွင် မိခင်ဖြစ်သူမှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် ကိုးတန်းကျောင်းသားလေးအား ၀င်မနားနယ်မြေရဲစခန်းက ယခုလ ၈ ရက်နေ့ မနက် ၁၀ နာရီအချိန်တွင် ယာဉ်(ပ) ၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄ က အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ထိုဒေသတွင် ယမန်နှစ်ကလည်း အလားတူ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးကြောင်း ကနီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ ၀င်တစ်ဦးက ပြောပြခဲ့သေးသည်။

သတင်း၊ ကိုတိုးကြီး (Facebook)

No comments:

Post a Comment