09 March 2014

တရားမဝင်သယ်ဆောင်လာသော ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိ

၂၀၁၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နေ့လည် ၁ နာရီအချိန် အမြန်လမ်းရဲတပ်ဖွဲ့၊ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းသို့ လှည်းကူးမြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများရောက်ရှိလာပြီး ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဥယျာဉ်ကျေးရွာနေ ကိုကိုလတ်(၃၄)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောင်သုံးလုံးကျေးရွာနေ မိုးမြင့်ခိုင်(၂၀)နှစ်တို့ ၂ ဦးအား ၃ဂ/××××× TOYOTA GAIA ခဲရောင်ယာဉ်နှင့် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂၅ ချောင်း၊ (၀.၅၇၉၅)တန်၊ တန်ဘိုးငွေကျပ် (၁၄၄၉၀ဝိ/-) ခန့်နှင့်အတူ လာရောက်အပ်နှံခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါ ကျွန်းသစ်ခွဲသားများအား မတ်လ ၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၄/၂-၃)ကြားတွင် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စောင့်ဆိုင်းနေစဉ် ကိုကိုလတ် မောင်းနှင်ပြီး မိုးမြင့်ခိုင်လိုက်ပါလာသည့် ၃ဂ/×××××× ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကိုကိုလတ်နှင့် မိုးမြင့်ခိုင်တို့ ၂ ဦးအား ဘောနတ်ကြီးအမြန်လမ်း ရဲစခန်း (ပ)၃/၂၀၁၄၊ သစ်တော အက်ဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။


MOI Webportal Myanmar

No comments:

Post a Comment