09 March 2014

စိတ်ကြွရူးသွပ် ဆေးပြား(၁၀)သိန်း ဖမ်းဆီးရမိ

၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂၄) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းလမ်းတွင် တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်နေ စိုးမိုးနိုင်(ခ) ဇေယျာအူဟောက်(၃၃)နှစ် မောင်းနှင်ပြီး တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်နေ စောလွင်(ခ)စလင်း(၂၆)နှစ် လိုက်ပါလာသည့် ၈က/×××× Corolla ဗင် အပြာရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ပီနံအိတ်ခွံဖြင့် လည့်ထားသော အပြာရောင်ကပ်ခွာအိတ်များအတွင်းမှ WY စာတန်းပါ အနီရောင်စိတ်ကြွဆေးပြား (၂၀၀၀၀၀)ပြား၊ တန်ဘိုးငွေကျပ်သန်း (၁၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိ ခဲ့သည်။


စစ်ဆေးချက်အရ စိုးမိုးနိုင်(ခ) ဇေယျာအူဟောက်၏ နေအိမ်အား ည ၇ နာရီအချိန် သွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်း၌ ပီနံအိတ် ၁ လုံးတွင် WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား (၂၀၀၀၀၀)ပြား စီပါ ၄ အိတ်၊ စုစုပေါင်းဆေးပြား (၈၀၀၀၀၀)ပြား၊ တန်ဘိုးငွေကျပ်သန်း (၄၀၀၀)အား ထပ်မံ ဖမ်းဆီး ရမိခဲ့သောကြောင့် စိုးမိုးနိုင်(ခ) ဇေယျာအူဟောက်နှင့် စောလွင်(ခ)စလင်းတို့ ၂ ဦး အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း မယ(ပ)၈/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)/ ၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment