မြန်မာအလှမယ်တစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာက အနုပညာ၊ ပရဟိတ နှင့်
ဧည့်လမ်းညွှန်အစရှိတဲ့ ကဏ္ဍမျိုးစုံအလုပ်တွေကို ကျွမ်းကျင်စွာ
ပါဝင်ဆောင်ရွက်နေသူ တစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့် သူမကို လတ်တလောမှာ
အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုတွေလုပ်ဆောင်သွားမယ်ဆိုတာနဲ့
ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နန်းခင် လက်ရှိရုပ်သံဇာတ်လမ်းတွဲနဲ့
ဗီဒီယိုဇာတ်ကားတွေကို လက်ခံရိုက်ကူးသွားဖို့တော့ရှိပါတယ်။ ပြီးတော့
နန်းခင်ရဲ့ဧည့်လမ်းညွှန်ဘဝအကြောင်းကို ရိုက်ကူးဖို့အတွက်
ဂျပန်ရုပ်သံလိုင်းတစ်ခုက ရိုက်ကူးချင်တယ်ဆိုပြီးတော့ ကမ်းလှမ်းထားတာရှိတယ်။
အဲဒီ့အတွက် နန်းခင်တို့ ဒုတိယအကြိမ်မြောက် ညှိုနှိုင်းဆောင်ရွက်မှုတွေ
စီစဉ်နေပါပြီ။ ညီမ အားတဲ့အချိန်နဲ့ သူတို့ရိုက်ကူးရေးအချိန်တွေ
ညှိုနှိုင်းပြီးပြီဆိုရင်တော့ ဒီနှစ်မတ်လကုန်လောက်မှာ ရိုက်ကူးဖြစ်မှာပါ။
သူတို့က ဒီမြန်မာနိုင်ငံရဲ့ နာမည်ကြီးအထင်ကရနေရာတွေဖြစ်ကြတဲ့ ရန်ကုန်၊
မန္တလေး၊ ပုဂံ ၊ အင်းလေးဒေသတွေမှာ အုပ်စုတွေခွဲပြီးတော့
ရိုက်ကူးသွားမှာဖြစ်သလို နန်းခင်ကတော့ ရန်ကုန်မြို့ရဲ့လည်စရာနေရာတွေ ၊
သွားသင့်တဲ့နေရာတွေကို ပေါ့ပေါ့ပါးပါးပုံစံမျိုးနဲ့
ရိုက်ကူးတင်ဆက်သွားမှာပါ။ နောက်ထပ်နေရာဒေသတွေကိုတော့ တစ်ခြားသူတွေနဲ့
ရိုက်ကူးသွားမှာပါ။ နန်းခင်ဇေယျာရဲ့ ဧည့်လမ်းညွှန်ဘဝအကြောင်းကို
ဂျပန်အနုပညာရှင်တွေနဲ့ သုံးရက်ကြာရိုက်ကူးသွားမှာ ဖြစ်ပါတယ်’လို့ သူမက
ပြောပြသွားပါတယ်။
စန္ဒီ/ By Trend Myanmar
No comments:
Post a Comment