22 February 2014

ဝိန်းရူနီ မန်ယူအသင်းနဲ့ တစ်ပါတ်ကို ပေါင် ၃သိန်းရရှိမယ့် ငါးနှစ်ခွဲသက်တမ်းစာချုပ်သစ်ချုပ်ဆိုလိုက်ပြီ

အသက် ၂၈ နှစ်အရွယ်၊ အင်္ဂလန်နဲ့ မန်ယူအသင်းတိုက်စစ်မှူး ၀ိန်းရူနီဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ခွဲကျန်ရှိနေချိန်မှာ နောက်ထပ် လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကိုချုပ်ဆိုလိုက်ပါတယ်။ အခုစာချုပ်အသစ်အရ ၀ိန်းရူနီဟာ တစ်ပါတ်ကို ပေါင် ၃သိန်းရရှိမှာ ဖြစ်ပါတယ်။
ရူနီဟာ ၂၀၀၄ ခုနှစ်မှာ အဲဗာတန်အသင်းကနေ  မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၄၃၀ ကစားခဲ့ကာ ဂိုးပေါင်း ၂၀၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဂန္တ၀င်ကစားသမား ဆာဘော်ဘီချာလ်တန် ရဲ့ ၂၄၉ ဂိုးစံချိန်ကို ချိုးနိုင်ဖို့  ရူနီအတွက် သွင်းဂိုး ၄၂ ဂိုးသာလိုတော့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဒေးဗစ်မိုရက်စ်က မန်ယူအသင်းရဲ့ ၀က်ဘ်ဆိုဒ်မှာ အခုလိုရေးသား ခဲ့ပါတယ်။

“ရူနီဟာ မန်ယူအသင်းရဲ့ ခမ်းနားတဲ့သမိုင်းမှာ တကယ့်ဂန္တ၀င်ကစားသမားတစ်ယောက် ဖြစ်လာတော့မှာပါ။ မန်ယူအသင်းမှာ သွင်းဂိုးအများဆုံးစံချိန်တင်ထားတဲ့ ဆာဘော်ဘီ ရဲ့ စံချိန်ကို ကျော်နိုင်ဖို့ ၄၂ ဂိုးပဲ လိုတော့တာပါ။ မန်ယူအသင်းသမိုင်းတစ်လျှောက် ပထမဆုံး သွင်းဂိုး ၂၅၀ သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာတော့မယ်လို့ ကျွန်တော်ပြောရဲပါတယ်”
ဒီနှစ်ကုန်မှာ ကုန်ဆုံးမယ့် ၀ိန်းရူနီရဲ့ စာချုပ်ဟောင်းမှာ သူဟာ တစ်ပါတ်ကို ပေါင် နှစ်သိန်းခွဲ ရရှိနေတာဖြစ်ပြီး ဆာအဲလက်စ်ဖာဂူဆန် ထွက်ရှိသွားပြီးနောက်ပိုင်း အသင်းပြောင်းမယ်လို့ သတင်းတွေထွက်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို စာချုပ်အသစ်ချုပ်ဆိုလိုက်မှုကြောင့် ၀ိန်းရူနီရဲ့ အနာဂတ်ဟာ မန်ယူအသင်းမှာပဲ ဆက်ရှိသွားဖို့ သေချာသလောက်ဖြစ်သွားခဲ့ပါပြီ။ အခုစာချုပ်အသစ် ကုန်ဆုံးတဲ့အချိန်မှာ ရူနီဟာ အသက် ၃၃ နှစ် ရှိနေမှာဖြစ်လို့ မန်ယူအသင်းမှာပဲ ကစားသမားဘ၀ကုန်ဆုံးဖို့ ရှိလောက်ပါတယ်။
ဝိန်းရူနီဟာ အိုးထရက်ဖို့ ဒ်မှာ ပရီးမီးယားလိဂ်ဖလား ငါးခုနဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ကိုင်မြှောက်ခဲ့ဖူးပြီး အခုရာသီမှာ ကလပ်အတတွက် ၂၈ ပွဲပါဝင်ကစားခဲ့ကာ ၁၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။
Ref: bbc.com

Angel  /By Trend Myanmar

No comments:

Post a Comment