R&B မြူးဇစ်၊ အီလက်ထရိုလို့ ဆိုလိုက်တာနဲ့ အဆိုတော် Ar-T ကို
အားလုံတန်းမြင်မိကြမှာပါ။ သူနဲ့ တွေ့ဆုံခိုက် သူ့ရဲ့လတ်တလော
အနုပညာလှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ကျွန်တော် လာမဲ့
၂၈ရက်နေ့ကျရင် ပတ္တမြားFMရဲ့ Radio To Live ရဲ့ရှိုးခွေမှာ
ကျွန်တော်ဆိုထားပါတယ်။ ညမွှေးပန်းဆိုတဲ့ သီချင်းကို ပြန်ပြီးတော့
ဆန်းသစ်ထားပါတယ်။ ကျွန်တော်Electroပုံစံလေး ပြန်လုပ်ထားပါတယ်။
ကျွန်တော့်ရဲ့ ချိုချဉ် အခွေဒီဗီဒီကိုလည်း ခုနှစ်လပိုင်း
ထွက်ဖို့မျှော်လင့်ထားပါတယ်။ ဒုတိယအခွေကိုတော့ လွင်ပြင် ဆိုပြီးတော့
ယာယီနာမည်ပေးထားပါတယ်။ နောက်နှစ်သုံးလပိုင်း မဟုတ်ရင်တောင် ဆယ့်နှစ်လပိုင်း
ထွက်နိုင် အောင်လုပ်ပမယ်။ ချိုချဉ်ဒီဗီဒီက ရိုက်ချက်တွေလန်းလို့ပဲ
အခွေအပြည့်မရိုက်နိုင်ပါဘူး။ အားလုံးကိုတော့ အကောင်းဆုံး ဈေးအကြီးဆုံး
လုပ်ထားပါတယ်။
တစ်ပုဒ်ကို သိန်းနှစ်ဆယ်နီးပါးလောက်ကုန်ပါတယ်။ စုထားသမျှ
ပိုက်ဆံတွေအကုန်လုံးလည်း ကုန်တာပါပဲ။ အဲဒီအခွေမှာ
သီချင်းရှစ်ပုဒ်လောက်ပဲပါမယ်။ Documentary အနေနဲ့လည်းပါမယ်။ လွင်ပြင်အခွေ
မှာပါဝင်မဲ့သီချင်းပုံစံမျိုးတွေက နည်းနည်းလေး ရင့်ကျက်သွားမယ်။
ချိုချဉ်တုန်းကတော့ ချိုချဉ်ဆိုတဲ့ပုံစံအတိုင်းပဲ ကလေးဆန်တာပေါ့နော်။
လွင်ပြင်ကတော့ နည်းနည်းလူကြီးဆန်မယ်။ နောက်သီချင်းအဆန်းတွေလည်း
ထပ်လုပ်ဖို့စဉ်းစားထားပါတယ်။ ပရိသတ်အတွက်
ကျွန်တော်ဆက်ပြီးတော့ကြိုးစားနေပါတယ်။ ရှေ့ဆက်ပြီးတော့အားပေးပါ။
ပရိသတ်အားပေးမှပဲ မြန်မာနိုင်ငံရဲ့အပြင်ကိုထွက်ပြီးတော့မှ International
ကိုချပြလို့ရမှာပါ’လို့ သူက ဆိုပါတယ်။
စန္ဒီ /By Trend Myanmar
No comments:
Post a Comment