20 February 2014

ဇာတ်လမ်းတွဲ ဘီလူးတစ်ဖြစ်လဲ ဗေလုဝ

ဘီလူးရုပ်ရှင်ဇာတ်ကား မှာ အဓိကဇာတ်ဆောင်နေရာ  ကနေ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်ခဲ့တဲ့သရုပ်ဆောင်ဗေလုဝက လာမယ့်ဖေဖော်ဝါရီ ၁၆ ရက် နေ့ကျရင် ပုဂံကို သွားပြီး ဘီလူး ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူး မယ်လို့ ပြောပါတယ်။ ဘီလူး ရုပ်ရှင်ဇာတ်ကားဟာ ဟာသ သရုပ်ဆောင်ဗေလုဝရဲ့ပထမဆုံး တစ်ကားတည်းသော ဟာသ ဇာတ်မြူးရုပ်ရှင်ဇာတ်ကားကြီး လည်းဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်မှာ အောင်မြင်ခဲ့တဲ့အတွက်ကြောင့် ဇာတ်လမ်းတွဲအတွက်လည်း အကောင်းဆုံးဖြစ်အောင် ကြို တင် ပြင်ဆင် တယ်လို့ ဗေလုဝက ပြောပါတယ်။
အဲဒါတွေနဲ့ပတ် သက်ပြီး ဗေလုဝက ” ဘီလူး ဇာတ်လမ်းတွဲကိုလာမယ့် ၁၆ ရက်နေ့ကျရင် ပုဂံဒေသတွေ မှာ သွားရောက်ရိုက်ကူးမှာပေါ့  နော်။ လူတွေအများကြီးပါမယ်။ ဘီလူးက ရုပ်ရှင်အဖြစ်အောင် မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဆို တော့ ကိုယ့်ဘက်က ဟာကွက် မရှိအောင် ကြိုတင်ပြင်ဆင်ရ တော့တာပေါ့။
အချိန်ကာလ အားဖြင့်လည်း ဆယ်နှစ်နီးပါး ကြာခဲ့ပြီဆိုတော့ စိတ်ထဲမှာ ငါ အရင်ကလို လုပ်နိုင်ပါ့မလား၊ စွမ်းဆောင်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေ ခေါင်းထဲရောက်နေ တယ်။ စိုးရိမ်နေတာပေါ့နော်။
ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံးဖြစ် အောင်တော့ ကြိုးစားသရုပ် ဆောင်သွားရမှာပေါ့” လို့ ပြော ပါတယ်။ ဆက်လက် ပြီးလည်း ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲမှာ သရုပ် ဆောင်ရ တဲ့ အပိုင်း ကွာခြားပုံကိုလည်း ” ပြောရရင် ရုပ်ရှင်က တိုတာပေါ့နော်။ ဇာတ်လမ်းတွဲ က အပိုင်းလိုက်၊ အပိုင်းလိုက် လူတွေ စိတ်ဝင်စားအောင် ဆွဲ ဆောင်ရတာ။ တစ်ပိုင်းပြီးသွား ရင် နောက်တစ်ပိုင်းအတွက် စိတ်ဝင်စားမှုတစ်ခုရအောင် ကျန်နေခဲ့ရမယ်။ သရုပ်ဆောင် တစ်ယောက်အတွက်တော့ ပြော ရလောက်အောင်ထိ သိပ်ကြီး ကြီးမားမားမရှိပါဘူး။ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းဆရာတွေ ညွှန်ပြပြောဆိုတာကို ဘောင်ဝင် အောင်လုပ်လိုက်၊သရုပ်ဆောင် လိုက်ရုံပါပဲ။ စောစောက ပြော သလို ကိုယ့် ဘက်က အရင်ကလို မစွမ်းဆောင်နိုင်တော့မှာကိုပဲ စိုးရိမ်နေတာ။ အရင်ရုပ်ရှင်နဲ့ အခုဇာတ်လမ်းတွဲ ပုံစံချင်းကွာ သွားတာပေါ့။ အရင်ကကွာလတီ မျိုးရအောင် ကြိုတင်ပြင်ဆင်တယ်” လို့ ဗေလုဝက ပြောပါတယ်။
အခုဆိုရင် ဇာတ်လမ်း တွဲတွေ ဆက်တိုက်ဆိုသလို တွင် တွင်ကျယ်ကျယ်ရိုက်ဖြစ် လာနေကြပြီ ဖြစ်ပါတယ်။ ဒီလို မျိုး ဇာတ်လမ်းတွဲတွေ ရိုက်ကူး တင်ဆက်ထုတ် လွှင့်လာ တဲ့ အလျောက် နောက်ဆက်တွဲ ရလဒ် ကိုလည်း ဗေလုဝက ” အခု ဇာတ် လမ်းတွဲတွေ သူနဲ့ငါအပြိုင်ရိုက်ကူးလာကြတာပေါ့နော်။ တကယ့်ကိုကောင်းပါတယ်။ ရုပ်ရှင် လောကသားတွေ အလုပ်ဖြစ် တယ်။ နေရာရတယ်။ လုပ်ကွက် ပိုရကြတာပေါ့။ အရင်ကဆို ဗီဒီယိုကို အဓိက ဦးတည်သူ တွေရှိတာပေါ့။ အခု ဇာတ်လမ်းတွဲတွေ ရိုက်လာကြပြီဆိုတော့ အရင်ကလို ပစ်မှတ်တစ်ခုတည်း ကိုပဲ ဦးတည်တာမျိုး မလိုအပ် တော့ဘူးလေ။ နောက် သရုပ် ဆောင်အသစ်တွေအတွက်လည်း အနုပညာ လမ်းစ တစ်ခု ပွင့်သွား တာပေါ့။ ဘယ်အရာနဲ့ပဲကြည့် ကြည့် ဒါကကောင်းတဲ့လက္ခဏာပါ တစ်ခုတော့ရှိတယ်။ ကောင်း အောင် ကြိုးစားပြီးသရုပ်ဆောင် ဖို့၊ ရိုက်ပြဖို့တော့ လိုတာပေါ့နော်” လို့ ပြောပါတယ်။ ဗေလုဝ အနေနဲ့ အခုအချိန်မှာ ဘီလူး ဇာတ်လမ်းတွဲအတွက်ပဲ ခေါင်း ထဲထည့်ထား တယ်လို့လည်း ပြောပါတယ်။
 M ဘွယ်
 popularmyanmar

No comments:

Post a Comment