20 February 2014

နွေရာသီဖက်ရှင်အတွက် ချည်ထည်လေးတွေ ခေတ်စားမယ်လို့ ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကထဲမှာ နေရာတစ်ခုရလာတာနဲ့အမျှ သူမရဲ့ သရုပ်ဆောင်မှုတွေအပြင် သူမရဲ့ဖက်ရှင်တွေကိုပါ ပရိသတ်တွေ စိတ်ဝင်တစားနဲ့လေ့လာအကဲခတ် ကြည့်ရှုခြင်းခံနေရသူလေးကတော့ သင်ဇာဝင့်ကျော်ပါ။ သူမရဲ့ ဖက်ရှင်အကြောင်း မေးမြန်းကြည့်တဲ့အခါ ‘နွေရာသီဖက်ရှင်အနေနဲ့က ချည်ထည်လေးတွေ ခေတ်စားတယ်လေ။ နောက်ဘောင်းဘီတိုလေးတွေနဲ့ စွပ်ကျယ်လေးတွေ ခေတ်စားမယ်လို့ထင်တယ်။ ဖက်ရှင်နဲ့ပတ်သတ်ပြီး ဖက်ရှင်တီဗီ အမြဲကြည့်တယ်။ ကိုရီယားကားပဲဖြစ်ဖြစ် အင်္ဂလိပ်ကားပဲဖြစ်ဖြစ်ဇာတ်ကားတွေမျိုးစုံ သင်ဇာကြည့်တယ်။ ပြီးရင် သူတို့ဝတ်တာတွေကို ကိုယ်ဝတ်လို့ရသလောက် ဒီမှာတွဲဝတ်ဖြစ်တယ်။ ဖက်ရှင်နဲ့ပတ်သတ်ပြီး ကိုယ်ကိုယ်တိုင်ပဲ စီစဉ်တယ်။ ဒီဇိုင်နာကတော့ မလတ်ပေါ့နော်။ အပြင်မှာဆို Queen Collection မှာ ၀ယ်ဖြစ်တယ်။ ပရိသတ်တွေ သင်ဇာကို အနုပညာနဲ့လဲ အားပေးတယ်။ ဖက်ရှင်ကိုလဲ အားပေးကြတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်’လို့ သူမက ပြောပါတယ်။

ခင်ဆွေသက်/
Trend Myanmar

No comments:

Post a Comment