20 February 2014

ကောင်းပြည့်နဲ့ ကံစပ် တယ်လို့ဆိုတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်

မဟာထွန်း ထုတ်လုပ်ရေးက ကောင်းပြည့်နဲ့ ဇာတ်ကားများ ရိုက်ကူးခဲ့ပြီး “ကုဋေရှစ်ဆယ် သူဌေးသမီး နှင့် အမှိုက်ကောက်ဆရာ” ဆိုတဲ့ ဇာတ်ကား ပထမဆုံး ထွက်ရှိလာ ပါတယ်။ ပရဟိတနဲ့ ပညာပေးဇာတ် လမ်းလေးဖြစ်ပါတယ်။ ကောင်းပြည့်နဲ့ ဇာတ်ဆန်းလေးတွေပဲ ရိုက်ဖြစ်နေတယ် လို့ပြော ပြတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် က “အစ်မ အနေ နဲ့ ကောင်းပြည့်နဲ့ ရိုက်နေတယ်။ ပရိသတ် အမြင်မှာ ကောင်းပြည့် နဲ့အတူ အစ်မရဲ့ဇာတ်တွေကို မင်းသား အသစ်နဲ့ ဇာတ်အသစ်တွေ ကိုတွဲမြင်စေ ချင်တယ်။ ကိုယ့် ကိုယ်ကိုယ် လည်း ပုံသေနည်းဖြစ်နေတဲ့ ဇာတ်လမ်းဟောင်းတွေ ထဲက ခွဲထွက် ချင်တယ်။ အမြဲတမ်း ပြောသလိုပဲ နှစ်တစ်နှစ်ကူး သွားတဲ့အချိန်မှာ အစ်မ တို့ရဲ့အနု ပညာတွေ ကိုလည်း အသစ်အသစ် တွေဖြစ်စေချင်တယ်။ အဲဒီအတွက်ကြောင့် တတ်နိုင်သမျှ ဇာတ်အဆန်းတွေ ရှာပြီး ရိုက်ဖြစ်တာပါ။ ဇာတ်တွေရော၊ လက်ရာရောမ ကျသွားအောင် ကြိုးစားနေပါတယ်။
ကောင်းပြည့်ရဲ့ ဇာတ်ကားတွေ ဆက်တိုက် ထွက်လာမှာပါ။ အခု ပထမဆုံး စထွက် လာတဲ့ “ကုဋေရှစ်ဆယ် သူဌေးသမီးနှင့် အမှိုက်ကောက် ဆရာ” ဆိုတဲ့ ကားမှာပါတဲ့ ကလေးတွေ က တကယ်ကို သူတို့ရဲ့ ဘဝရပ်တည်မှု အတွက် ကြိုးစားရုန်းကန်နေ ရတဲ့ ကလေးအစစ် တွေ ကို ထည့်ရိုက် ထားတာပါ။ ပရိသတ်အတွက် ထူးခြားမှုလေး ဖြစ်တာပေါ့။ အစ်မတို့ မဟာထွန်း ကနေ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ခဲ့တာ အောင်ရဲလင်း ခေတ်တုန်းက လည်း သူ့အ တွက် ဇာတ်အဆန်းလေးတွေ ရခဲ့တယ်။ အခု ကောင်းပြည့်လည်း သူနဲ့ရိုက်တဲ့အခါ ဇာတ်ဆန်းလေးတွေ ရိုက်ရတယ်။ ကောင်းပြည့်နဲ့လည်း ကံစပ်တယ်လို့ပြော ရမယ်”လို့ ပြောပြပါတယ်။

မေမွန်မောင်/popularmyanmar


No comments:

Post a Comment