20 February 2014

မင်းသား ၉ ယောက်နဲ့ ဇာတ်ကား ရိုက်မယ့် ဒါရိုက်တာ ကျော်ဇော လင်း (အတွေးပုံရိပ်)

ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) က ပြေတီဦး ပညာ ရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှာ “ပဒိုင်းသီးWedding” ဆိုတဲ့ပြဇာတ် ကို ဒါရိုက်တာမောင်မျိုးမင်း (ရင် တွင်းဖြစ်) နဲ့ စီစဉ် တင်ဆက်မှာဖြစ် ပါတယ်။ ပြဇာတ်အတွက် ပြင်ဆင် ရတာ ရင်ခုန်သလွျှိုနိငညါ အကြောင်း ပြဇာတ်လုပ်ဖြစ်တာနဲ့ ပတ်သက်ပြီးလည်း “ခါတိုင်းပြ ဇာတ် ပုံစံတွေ နဲ့ မတူဘဲ အသစ် တစ် ခုဖြစ်တာပေါ့။ ရယ်ရပေမယ့် ပလော့ တွေကိုလည်း ထပ်ပြီးဖြည့် ရမှာပေါ့။ ဒီ “ပဒိုင်းသီး Wedding” ဆိုပြီး Wedding အကြောင်း လုပ်ဖြစ်တာ က ကိုမျိုးမင်း အစပြု အခြေတည် ပြီးလုပ်ထားတာ။ ဟာသတွေ၊ လွဲ ချော်မှုတွေနဲ့ပေါ့။ ပဒိုင်းသီးစားတယ်ဆို ဘာဖြစ်မလဲ ဆိုတာ မြန်မာ ပရိသတ်တွေ အကုန်လုံး သိပြီးသားလေ။ ပြဇာတ်ကျတော့ ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ရတယ်။ အမှားမခံ ဘူးလေ။
တစ်ထိုင်တည်းမှာ ပရိသတ် ပျင်းမသွားအောင်၊ ကြည့်ရ ကျိုးနပ် အောင် စဉ်းစားရတာ ကျတော့ ရုပ်ရှင်၊ ဗီဒီယိုထက် ရွေးချယ်ရတာ နည်း နည်း ပိုခက်ခဲတယ်။ ပြဇာတ်နဲ့လည်း အံဝင်ခွင်ကျမယ်။ ဒါမျိုးတွေပေါ့။ ပရိသတ်တွေ ဆီက ချက်ချင်း ရနိုင်တဲ့ တုံ့ပြန်မှုတစ်ခု အတွက် ပြင်ဆင်ရတာ ရင်ခုန်စရာ ကောင်းတယ်။ ပြဇာတ်ပြ တဲ့အချိန်မှာပဲ ပြန်သိရတာလေ။ အဲဒီကပြမယ့် ညတစ်ည အ တွက်တော့ ဘဝ အမောပြေဖို့ တာဝန်ယူတယ်” လို့ ပြောပြပါတယ်။ စက်မှုလုပ်သား တွေရဲ့ နာရေးကူညီမှု ရန်ပုံငွေ အတွက် မင်းသား ၉ ယောက် နဲ့ ဗီဒီယို ဇာတ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ ပြော ပြတာကြောင့်
“ဒါရိုက်တာကေ သောင်းတို့ စက်မှု လုပ်သားတွေရဲ့ နာရေး ကူညီမှု အဖွဲ့ကလာပြီး အကူအညီတောင်း ထားတာ ရှိတယ်။ သူတို့ အတွက် ရန်ပုံ ငွေအနေနဲ့ ဗီဒီယို ရိုက်ဖို့ပေါ့။ ဘဝ ကူးမယ့်သူတွေ အတွက်အကူ အညီ ပေးရမှာမျိုးပေါ့။ လောလောဆယ် တော့ မြို့ စူပါမင်းသားတွေနဲ့ နယ်စူပါ မင်းသားတွေ ၉ ယောက်နဲ့ ရိုက်ဖို့ စီစဉ် ထားတယ်။ ဇာတ်ကားနာမည် က “အရေးကြီးတယ်”လို့ ပေးထား တယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်/popularmyanmar

No comments:

Post a Comment