ဗီစီဒီထဲမှာရော၊ ပွဲတက်ဖက်ရှင်တွေမှာပါ အလန်းစား တွေ့လာရတဲ့ မိစန္ဒီကို
သူမရဲ့ဖက်ရှင်အကြောင်းကို မေးမြန်းဖြစ်တဲ့အခါ ‘ဖက်ရှင်က ပေါ့ပေါ့ပါးပါးပဲ
များပါတယ်။ တီရှပ်နဲ့ရှပ်အကျီင်္လေးတွေ ၀တ်ဖြစ်မယ်။ မိစန္ဒီ နောက်ပိုင်း
အကွက်လေးတွေ ပိုဝတ်ဖြစ်မယ်။ ကာလာကတော့ အပူသက်သာတဲ့ဟာမျိုးပေါ့။ မိစန္ဒီက
အသားရောင်တို့၊ အနီရောင်တို့ကို ပိုကြိုက်တယ်။ အဲဒါလေးတွေ ပိုဝတ်ဖြစ်မှာပါ။
အင်တာနက်ကနေ ဖက်ရှင်နဲ့ ပတ်သက်တာတွေ လေ့လာတယ်။ ဖေ့စ်ဘွခ်မှာလဲ
ကိုယ်ကြိုက်တဲ့ အဆိုတော်တွေ၊ ကိုယ်ကြိုက်တဲ့ စာမျက်နှာတွေကို LIKE
လုပ်ထားတယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာလဲ လေ့လာတယ်။ ဖက်ရှင်နဲ့ ပတ်သတ်ပြီး
အရင်ကလို ခေတ်နောက်မကျကြတော့ဘူး။ နေရာတိုင်းမှာ လေ့လာလို့ရနေပြီလေ။
ပွင့်လင်းလာတဲ့ ခေတ်ဆိုတော့လေ။ ဒီနိုင်ငံက မဂ္ဂဇင်းတွေတောင်
အရမ်းခေတ်မီလာပြီလေ။ ဖက်ရှင်နဲ့ပတ်သတ်ပြီး ကိုယ်ကိုယ်တိုင် စီစဉ်တာများတယ်။
အမေတို့အစ်မတို့လဲ အကြံပေးတယ်။ မြန်မာအကျီ်နဲ့ ပတ်သတ်ရင်
ဘာမှနားမလည်လို့အမေတို့ညီမတို့ စီစဉ်ပေးတာများတယ်။ ၀ယ်ဖြစ်တဲ့ဆိုင်တွေက
QUEEN COLLECTION ၊ TOO COOL ၊ SISTERတို့မှာဝယ်ဖြစ်တယ်။ ဒီဇိုင်နာက
မပုံ့တို့၊ မဂျိုကာတို့နဲ့ချုပ်ဖြစ်တယ်။
ခင်ဆွေသက်/ By Trend Myanmar
No comments:
Post a Comment