17 February 2014

အသီးအရွက်များများစားပြီး ရေများများသောက်ရင် နေပူတဲ့ဒဏ်ကို ခံနိုင်တယ်လို့ဆိုတဲ့ အိချောပို

အနုပညာခြေလှမ်းတွေ စိပ်နေတဲ့ သရုပ်ဆောင် အိချောပိုကတော့ နွေရာသီရောက်တော့မှာမို့ သူမရဲ့ နွေရာသီနဲ့ ပတ်သက်တဲ့ ဖီလင်တစ်ချို့နဲ့ အသားအရေ ထိန်းသိမ်းမှုအကြောင်းကို ခုလို ဖွင့်ဟပါတယ်။ ‘အသားအရေထိန်းသိမ်းမှုအပိုင်းကို ပြောရမယ်ဆိုရင် ချောတို့က နေပူနဲ့အမြဲထိတွေ့နေရတာဆိုတော့ Scrubတို့၊ BodySpaတို့ အမြဲတမ်း သွားလုပ်ဖြစ်တယ်။ အမြဲတမ်းလည်း နေကိုထိနေရတော့ တစ်ခါတစ်လေဆိုလည်း အသားအရေ မည်းသွားတာလည်း မြန်တယ်။ အဲဒီတော့ အတတ်နိုင်ဆုံးတော့ အသားအရေကိုဂရုစိုက်တယ်။ ရေများများသောက်တယ်။ အသီးအနှံများများ စားတယ်။ ရေသောက်ရင် အသားအရေကြည်တာပေါ့။ နောက်ပြီးတော့ အသီးအရွက်များများစား၊ ရေများများသောက်ရင် ဒီနေပူတဲ့ဒဏ်ကိုလည်း ခံနိုင်တာပေါ့။ နွေရာသီနဲ့ ပတ်သက်ပြီး အမှတ်တရ ပြောရမယ်ဆိုရင် ငယ်ငယ်တုန်းကတော့ နွေရာသီကျောင်းပိတ်ရင် ခရီးတွေသွားကြတာပေါ့။ အဲဒီလိုမျိုး ပျော်ဖို့ကောင်းခဲ့ပါတယ်။ အခုချိန်မှာတော့ နွေရာသီရောက်ပေမယ့်လို့ ခရီးသွားဖြစ်တာတွေ မရှိတော့ပါဘူး။ အနုပညာအလုပ်တွေပဲလုပ်ဖြစ်နေပါတယ်’လို့ သူမက ဖွင့်ဟသွားခဲ့ပါတယ်။    

စန္ဒီ /      By Trend Myanmar                               

No comments:

Post a Comment