17 February 2014

ဇာတ်လမ်းအတတ်ပညာ ဖန်တီးရိုက်ကူးပုံဖော်မှုအနုပညာနှင့် ဇာတ်လမ်းတွဲများ၏အနှစ်သာရ

ယခုအခါ မြန်မာပြည်မှာ မြန်မာရုပ်သံဇာတ်လမ်းတွဲများရိုက်ကူးမှုများပြားလာသလို ရုပ်သံများ ကနေ ထုတ်လွှင့်ပြသမှုများတည်ရှိလာခဲ့ပြီး မြန်မာပရိသတ်တို့၏ တစ်ခဲ နက်နှစ်ခြိုက်အားပေးကြည့်ရှု မှုခံရကာ အောင်မြင်မှုရရှိနေတာ တွေ့ရှိရသည်။ ဇာတ်လမ်းအတတ်ပညာ၊ ဖန်တီးမှုအနုပညာအား ကောင်း၍ စွဲဆောင်မှုရှိလှသည့် ဇာတ် အိမ်တို့ကြောင့် တရုတ်၊ ဂျပန်၊ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ ကို လည်း မြန်မာပရိသတ်တို့က အရူးအမူးစွဲလန်းနှစ်ခြိုက်စွာ အားပေးကြည့်ရှုခဲ့ကြတာ တွေ့ရသည်။ ထို့ ကြောင့် ရုပ်သံဇာတ်လမ်းတွဲများ၏ ဇာတ်လမ်းအတတ်ပညာ၊ အနုပညာအရည်အသွေးနှင့် စွဲဆောင်မှု ရှိလှသော အနုပညာဖန်တီးရိုက်ကူးမှုတို့အပေါ် အနုပညာရှင်တို့ အမြင်သဘောထားများကို မေးမြန်း ဖြစ်ခဲ့ပါသည်။
►နေတိုး-
“ဇာတ်လမ်းတွဲတွေ ခေတ်စား လာတာက ပြောင်းလဲနေတဲ့အရာထဲက တစ်ခုပေါ့။ ဇာတ် လမ်းတွဲပဲရိုက် ရိုက်၊ တစ်ကားချင်းပဲရိုက်ရိုက် အဓိကက ပရိသတ်ကို အကောင်း ဆုံး ဖျော်ဖြေ တင်ဆက်နိုင်ဖို့။ ကျေနပ်မှု ပေးစွမ်းနိုင်တဲ့ အနုပညာတစ်ရပ် ဖန်တီးနိုင်ဖို့ပဲ။
ဘယ်လိုနည်းနဲ့မဆို ပရိသတ်ဆီ အလွယ်တကူရောက်စေနိုင်တဲ့ နည်းလမ်းပေါ့။ ဇာတ်လမ်းတွဲ က တီဗီချန်နယ် ကနေ လာတော့ အိမ်မှာပဲ အားပေးလို့ရတာပေါ့။ ကျွန်တော်တို့လည်း နောက်ပိုင်း ဇာတ်လမ်းတွဲအရှည် မရိုက်နိုင်သေး ရင်တောင် တီဗီ ချန်နယ်ကနေ ကြည့် ခွင့်ရနိုင်မယ်ဆိုရင် တစ်ထောင့်တစ် နေရာကနေ ပါဝင်ကူညီဖို့တော့ ရှိပါတယ်။ ဇာတ်လမ်းတွဲတွေ ရိုက်ကူး လာမှုက ကောင်းတဲ့အတွက် ကြိုလည်း ကြိုဆိုပါတယ်”
►ကျော်ကျော်ဗို-
“ဇာတ်လမ်းတွဲဆိုတာ နိုင်ငံတကာမှာလည်းရှိတယ်။ အဓိက က ဒီမှာက အခုမှစတာ ဆိုတော့ သိပ်မကြာသေးဘူး။ အတွေ့အကြုံတွေ ယူရဦးမယ်။ လေ့လာရဦးမယ်။ စစချင်းမှာတော့ အားလုံးပြည့်စုံ ကောင်းမွန်နိုင်မှာတော့မဟုတ်ဘူး။ သူများနိုင်ငံတွေရဲ့ ဇာတ်လမ်းတွဲ တွေနဲ့တော့နှိုင်းယှဉ်လို့မရဘူး။တဖြည်းဖြည်းနဲ့တော့ ကောင်းလာ မှာပါ။ ဇာတ်လမ်းတွဲဆိုတာ တာဝန်ကြီးတယ်။ ဇာတ်ညွှန်းရော၊ ဇာတ် ရုပ်ရော အရေးကြီးတယ်။ ဇာတ်လမ်းတွဲကို အပိုင်းတွေအလိုက် တောက် လျှောက်စိတ်ဝင်စားပြီး ဆွဲခေါ်သွားနိုင်တဲ့ ဇာတ် လမ်းတွဲမျိုးဖြစ်ဖို့ အများကြီးကြိုးစားရဦးမယ်။ ဇာတ် လမ်းတွဲဆိုတာက နိုင်ငံတကာမှာရိုက်နေကြတော့ရိုက် သင့်တဲ့တစ်ခုပဲ။ဒါပေမဲ့အပိုင်း ၃ဝပါ ရင်ဒီ ၃ဝ လုံး ကိုယ့်မျက်နှာကြီးကို အီမသွားအောင် ဘာတာဝန် ယူနိုင် မှာလဲဆိုတာပြန်စဉ်းစားရမယ်။ အကုန်လုံး အဆင်ပြေနိုင်ဖို့တော့ လိုအပ်ချက်တွေတော့ ရှိ မှာပါ။ ပရိသတ် တွေက အမြင်ကျယ်နေကြပြီ လေ။ ကိုရီးယားတို့၊ အမေရိကတို့ကဇာတ်လမ်းတွဲ တွေကိုတခုတ်တရစွဲလမ်းပြီးကြည့်နေကြ တာ လေ။ဒါနဲ့တော့ယှဉ်တိုး လို့မရေ သးဘူး။ အခု မှစတာဆိုတော့လိုအပ်ချက်ရှိဦးမှာပါ”
►ဝတ်မှုံရွှေရည်-
“ဇာတ်လမ်းတွဲကတော့ ဘာဖြစ်မလဲတော့ မသိဘူး။ အခုမှရိုက်နေကြတာဆိုတော့ ကစ်တို့လည်း ဘာဖြစ်မလဲဆိုတာကို မသိဘူး။ ကောင်းရင်လည်း ကောင်းသွားမှာပေါ့။ သူ့ရဲ့  result  ကို တော့ စောင့်နေကြတဲ့သဘောပေါ့။ ကစ်ကို ဇာတ်လမ်းတွဲရိုက်ဖို့ ပြောထားတာတော့ရှိတယ်။ ရိုက်ဖြစ်ရင်လည်း ရိုက်ဖြစ်မယ်။ မသေ ချာသေးဘူး။ ကစ်ကတော့ ဇာတ်လမ်းတွဲကို ပရိသတ်တွေအတွက် အပြောင်းအလဲတစ်ခုခုဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။ ဗီဒီ ယိုဇာတ် ကားကြည့်တဲ့အရသာနဲ့ ဇာတ်လမ်းတွဲကြည့်ရတဲ့ အရသာက မတူ ဘူးလေ။ အဲဒီတော့ နိုင်ငံခြားဇာတ်လမ်းတွဲတွေကြည့်မယ့် အစား မြန်မာဇာတ်လမ်းတွဲတွေကိုလည်း နိုင်ငံခြားဇာတ်လမ်းတွဲတွေလိုပဲ အရည်အသွေးေ ကာင်းကောင်းနဲ့တော့ အဆင့်မီမီလေးတော့ ကစ်က ဖြစ်စေချင်ပါတယ်”
►နန်းဆုရတီစိုး-
“ပွင့်လင်းရာသီဖြစ်နေတော့ မြန်မာဇာတ်လမ်းတွဲ တွေကို သိပ်မကြည့်ဖြစ်ဘူး။ ကြည့်ဖို့တော့ အချိန်ယူရဦးမယ်။ အပိုင်း လိုက်မဟုတ်ဘဲ ကြုံရင်တော့ ကြည့်ဖြစ်ပါတယ်။ ကိုရီးယားဇာတ်လမ်း တွဲကတော့ တစ်ပိုင်းနဲ့တစ်ပိုင်း ချိတ်ဆက်မှုလုပ်တာတို့၊ တန်ပို ဇာတ်ရဲ့အနိမ့်အမြင့်ဖမ်းတာတို့ တအားတော်တဲ့အတွက် ဆွဲဆောင်မှုရှိ တယ်။ တစ် ပိုင်းပြီးရင် တစ်ပိုင်းကြည့်ချင်စိတ်ဖြစ်တယ်။ မြန်မာ ဇာတ်လမ်းတွဲကျတော့ Techinique  ပိုင်းတွေ၊ ဇာတ်လမ်း အနိမ့် အမြင့်ကို တကယ်လုပ်နိုင်မယ့်သူတွေ၊ သရုပ်ေ ဆာင်တွေ၊ ဆက်တင်သမားတွေကို ထရိန်နင်လုပ်နိုင်မယ့်သူတွေလိုတယ်။ ဇာတ်လမ်းတွဲ ရိုက်ရင် တစ်ယောက်တည်းလုပ်လို့မရဘူး။ သူ့တာဝန်သူကျေမှ အဆင်ပြေတာ။ ဥပမာ ဆက်တင်သမားရော၊ ကင်မရာသမားရော၊ သရုပ်ဆောင်တွေရော၊ ဇာတ်လမ်းကိုင်တဲ့ဇာတ်ညွှန်းကအစ သူ့ တာဝန်နဲ့သူ ကျေပွန်အောင်ဆောင်ရွက်တော့မှ အဆင်ပြေတာ။ မြန်မာပြည်မှာက စည်းစနစ်တကျရိုက်ကူးမှု Technique  လိုတယ်။ စက်ပစ္စည်းဆိုင်ရာ၊ လိုက်တင်တို့ စက်ပစ္စည်းသုံးစွဲမှုတွေလည်းလို တယ်။ နောက် ယုတ္တိမရှိတာတွေလည်းပါတယ်။ အခုမှစလုပ်တာဆို တော့ လိုအပ်ချက်တွေတော့ ရှိနေသေးတာပေါ့။ နောက်ပိုင်းကျရင် တော့ လုပ်ရင်းနဲ့ အတွေ့အကြုံတွေ များလာပြီးေ တာ့ အားနည်းချက် အားသာချက်တွေကို ပြုပြင်နိုင်ပြီးတော့ Technique  ပိုင်း၊ စက် ပစ္စည်းပိုင်းဆိုင်ရာတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပိုပြီးကောင်းနိုင် မယ် ခေတ်စားနိုင် မယ်လို့ ထင်ပါတယ်။ ကိုရီးယားတို့၊ ထိုင်းတို့က ဇာတ်လမ်းတွဲရိုက်ကူးရေး၊ ရိုက်ကွင်းတွေလည်းသွားကြည့်ဖူးတယ်။ သူတို့က တအားစည်းစနစ်ကျတယ်။ ဘေးနားက ဆက်တင်တို့၊ ကင်မရာ မင်းန်တို့ Art Director  တို့က ပံ့ပိုးပေးတာလည်းကောင်းလို့လေ”
►ဝါဆိုမိုးဦး -
“မြန်မာဇာတ်လမ်းတွဲတွေ ရှိလာတာ တအားကောင်း တယ်။ သူများနိုင်ငံတွေလည်း စီးရီးလိုက်ရှိတယ်လေ။ ပရိသတ် လည်း ရသစုံ စံစားရတာပေါ့။ ဝါဆိုက ကိုရီးယား ဇာတ်လမ်းတွဲ တွေ တအားကြိုက်တယ်။ သူတို့ ဘယ်လိုရိုက် ကြလဲဆိုတာ စဉ်းစား မိတယ်။ ဒီလိုရိုက်ဖို့ဆို တာလွယ်တဲ့ အလုပ်မဟုတ်ဘူး။ အကြာကြီးပဲ လေ။ တီဗီကြည့် တဲ့သူတွေ တော်တော်များများ က အဲဒီ အထဲမှာပဲ မျောသွားတာများတယ်။ တချို့ဇာတ်ကားတွေဆိုပြီးသွားရင်  တောင် မကျေနပ်တွေ ဖြစ်နေကြတာလေ။ ဒီလိုစီးရီးတွေ ရှိ လာတော့တအားကောင်းတာပေါ့။ ကမ်းလှမ်းလာရင်လည်း ရိုက်ဖို့ ရှိပါတယ်”

By   popularmyanmar

No comments:

Post a Comment