20 February 2014

အချစ်ရေး စိတ်ချမ်းသာ နေတဲ့ စန္ဒီမြင့်လွင်

ဖေဖော်ဝါရီ ၁၄ ရက် Valentine’s Day က  ကျင်းပတဲ့ ဝိုင်းစုခိုင်သိန်း ရဲ့ စုလျား ရစ်ပတ် မင်္ဂလာပွဲမှာ စန္ဒီမြင့်လွင်က မင်္ဂလာ ပန်းကြဲ အဖြစ် ဆောင် ရွက်ပေးခဲ့ပါ တယ်။ ချစ်သူ များနေ့ ဖြတ်သန်း ခဲ့ပုံကို စန္ဒီမြင့်လွင်က “ချစ်သူများနေ့မှာ ချစ်သူ အတွက် အချိန် မပေးလိုက်ရဘူး။ ဒီနေ့ ဝိုင်းစု မင်္ဂလာပွဲရှိတယ်။ ရှိုးပွဲ ရှိတယ်။ သူငယ်ချင်းတွေ မင်္ဂလာဆောင် ရှိတယ်။ ချစ်သူများနေ့မှ ချစ်သူ နဲ့တွေ့ရမှာ မဟုတ်ပါဘူး။ တခြား ရက်တွေလည်း တွေ့ရမှာပဲလေ။ အလုပ်ကိုပဲ ဦးစားပေးရ မှာပဲ။ ဝိုင်းစုကလည်း ဟိုး ငယ်ငယ် ကတည်းက သူငယ် ချင်းတွေ ဆိုတော့ ကူညီရမှာပေါ့” လို့ ပြောပါတယ်။
လတ်တလော အချစ်ရေးက စိတ်ချမ်းသာနေတယ် ဆိုတဲ့ စန္ဒီမြင့်လွင်က “အခု လက်ရှိ အချစ်ရေးကို ကျေနပ်ပါ တယ်။ စိတ် ချမ်းသာပါတယ်” လို့ ပြောပါတယ်။ စန္ဒီမြင့်လွင် ရဲ့ တတိယတစ်ကိုယ်တော် အခွေ ဖြစ်တဲ့ “ကလီယိုပက်ထရာ” တေးစီးရီးကို မေဒေးနေ့မှာ ထွက်နိုင်အောင် ကြိုးစားနေ ကြောင်းနဲ့ အနုပညာ လှုပ်ရှားမှု နဲ့ ပတ် သက်ပြီး စန္ဒီမြင့်လွင်က “တခြား သီချင်း တွေအားလုံး ရယ်ဒီဖြစ်ပြီ။ ကလီယို ပက်ထရာ သီချင်းတစ်ပုဒ်ပဲ ဆိုဖို့ ကျန် တော့တယ်။
အဲဒီ အခွေကိုလည်း တော် တော် ကြိုက်တယ်။ အရင်ခွေလိုပဲ ပရိသတ် ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ ဖျော်ဖြေရေးက လွိုင်ကော် တက်သွားဖို့ရှိတယ်။ မန္တလေး၊ ရေးမြို့ ဘက်တွေလည်း သွားဖျော်ဖြေ ဖို့ ရှိတယ်။ ဖေဖော်ဝါရီ ၂၈ရက်နေ့ မန္တလေးမှာ တင်ဆက်မယ့် ကိုပြေတီဦး တို့ရဲ့ ပြဇာတ်မှာ ပါဝင်ဖို့ရှိတယ်။ ကိုရီးယား 7 Ladies ဖျော်ဖြေပွဲလည်း ရှိတယ်။ သင်္ကြန် မတိုင်ခင် စင်ကာပူ မှာ သွား ဖျော်ဖြေမယ်” လို့ အနုပညာ အကြောင်းများ ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်/popularmyanmar

No comments:

Post a Comment