24 February 2014

ဖူးပွင့်သခင်နဲ့ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု

ချိုသာတဲ့အပြုံးပိုင်ရှင်၊ လှပတဲ့ဘော်ဒီအချိုးအစားကို ပိုင်ဆိုင်ပြီး အရင်ကထက် ပိုမိုအနုပညာခြေလှမ်းစိပ်လာတဲ့ ဖူးပွင့်သခင်ဆိုတဲ့ ကောင်မလေးကို လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းမေးကြည့်တဲ့အခါ ‘ဇမ္ဗူထွန်းဗီဒီယိုထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ကိုနန္ဒရိုက်ကူးတဲ့ ယုံကြည်တယ် မဝေးဘူးဆိုတဲ့ ကားလေးကို ကိုဇူးမြတ်ထက်နဲ့ ရိုက်နေပါတယ်။ အဲကားလေးက ကျောင်းကားလေးပါပဲ။ အဲကားလေးထဲမှာ ညီမက ခပ်သွက်သွက်ကောင်မလေး တစ်ယောက်ပေါ့။ ကိုဇူးမြတ်ထက်ကို အသည်းအသန် လိုက်ကြိုက်တယ်။ ကျောင်းသားဘ၀မှာ ကိုဇူးမြတ်ထက်က မာနအရမ်းကြီးတယ်။ နောက်ပိုင်းကျမှ သမီးကို သူကပြန်ကြိုက်တဲ့ အခါကျတော့ ကိုယ်ကသူ့ကို စိတ်မ၀င်စားတော့ဘူး။ အဲလိုပုံစံလေးပေါ့။ အဲ့ကားပြီးရင် ကိုဟိန်းဝေယံနဲ့ ဗီဒီယိုကားလေးတစ်ကား ရိုက်ဖို့ရှိတယ်။ အဲ့ကားလေးက မင်းသမီးသုံးလက်နဲ့ပေါ့။
ညီမက အဲ့ကားထဲမှာ ရုပ်ရှင်မင်းသမီးပေါ့။ ကိုဟိန်းဝေယံက မိန်းမ၂ယောက်ယူထားပြီးသား နောက်ဆုံး တတိယမြောက်သူကြိုက်တဲ့ တစ်ယောက်က ရုပ်ရှင်မင်းသမီးဖြစ်တဲ့ သမီးပေါ့။ ဇာတ်က အဲလိုပုံစံလေးပါ’လို့ သူမက ပြောပြခဲ့ပါတယ်။

ခင်ဆွေသက်/ Trend Myanmar

No comments:

Post a Comment