မိခင်ရဲ့မေတ္တာတရားနဲ့ မိခင် တစ်ယောက်ဖြစ်လာတော့မှာဖြစ်တဲ့ အတွက် မိမိရဲ့
မိခင်အပေါ် ကိုယ်ချင်း စာစိတ်တွေလည်း ဖြစ်မိကြောင်းကို “ချောက
အိမ်တောင်မပြုခင် ကတည်းက မိဘကိုစိတ်ချမ်းသာ အောင်အတတ်နိုင်ဆုံး ထားတယ်။
ကိုယ်ဝန်ရှိတဲ့အချိန်မှာ ကိုယ့်ရဲ့မိဘကို ကိုယ်ချင်းစာမိ တယ်။ ချောတို့
အမေတုန်းကဆိုရင် ရိုးရိုးပဲမွေးရ တယ်။ ပစ္စည်းကိရိယာတွေ ကလည်း မစုံလင်ဘူး။
ဘာမှခေတ်မမီတဲ့အခါ ကျတော့ အခက်အခဲလေးတွေ ရှိတယ်။ အဲဒီတော့ အမေတွေကိုပိုပြီး
တော့ သနားတယ်။ ချောတို့ ဆိုရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာတယ်။
အခုတော့ အစစ အရာရာဂရုစိုက်ဖြစ်တယ်။ ကိုယ်ဝန်ကလည်း ရှစ်လပြည့်ပြီဆိုတော့
တအားကို ဂရုစိုက်ပြီးနေနေရ တယ်။ အထိုင်အထကအစ တအားဂရုစိုက် ပြီးနေတယ်။
ပဋ္ဌာန်းကတော့ နေ့တိုင်း ရွတ်ဖြစ်တယ်။ တစ်ရက်မှ မပျက်ဘူး။ သူ့ကိုပဲ
နေ့တိုင်းဘုရားရှိခိုးတိုင်း ဆုတောင်းေ ပးဖြစ်ပါတယ်” လို့ ချောရတနာက
ဆိုပါတယ်။
ချောရတနာက ရင်သွေးငယ် ဆောင်ထားတာရှစ်လရှိပြီဖြစ်လို့ သားဦး ရတနာလေးအတွက်
ကြိုတင် ပြင်ဆင်မှုတွေအကြောင်းကို “အခုကတော့ ချောကြိုတင်ပြင် ဆင် မှုတွေတော့
တအားကြိုမလုပ်ထားပါဘူး။ ဧပြီပထမ ပတ်ထဲမွေးမှာဆိုတော့ ချောတို့ရက်တော့
ရွေးနေတယ်။ ကလေးအတွက် လို အပ်တဲ့ ပစ္စည်းလေးတွေ နည်းနည်းတော့ ဝယ်ထား တယ်။
ကိုယ်ဝန်ကလည်း ရင့်လာတော့ အသွားအလာတွေက နည်းတော့လေးလာတယ်။ ချောက ခွဲပြီး
မွေးရမှာဆိုတော့ပိုပြီးတော့ ကျန်းမာရေးကို ဂရုစိုက်ရ တယ်။ကိုယ်ခံအား
ကောင်းအောင်လို့ ဂရု စိုက်ရတယ်။ ချောက ရိုးရိုးပဲမွေးချင် တာ။ ဒါပေမဲ့
ကျန်းမာရေးကြောင့် ခွဲပြီးမွေးရတယ်။ စိုးရိမ်စိတ်တော့ တအားကြီး မဖြစ်မိ ပါ
ဘူး။ အခုက ခေတ်လည်းမီနေပြီ်” လို့ ချောရတနာက ပြောပါတယ်။
လွင်လွင်ထွန်း
Popular Journal
No comments:
Post a Comment