မော်ဒယ်လ်သရုပ်ဆောင် တက်သစ်စမင်းသားလေး ထွန်းကိုကိုတစ်ယောက်
ဒရာမာဇာတ်ကားတွေပဲ ရိုက်နေရာက ခုပထမဆုံးဖန်စီဟာသဇာတ်ကားလေးကို
စတင်ရိုက်ကူးနေပြီလို့ကြားသိရတာကြောင့် သူ့ရှုတင်ရှိရာသို့
သွားရောက်မေးမြန်းဖြစ်တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက
အဆုံး=အစလို့ပေးထားတယ်။ ဒီကားထဲမှာ ကိုယ်က အစပိုင်း ကိုယ်က ကောင်မလေးကို
အရမ်းနိုင်တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ တကယ်က ကိုယ်နိုင်တာမဟုတ်ဘူး။
အိပ်မက်မက်နေတာ။ တကယ်အပြင်မှာက ကိုယ်ကသူ့ကိုကြောက်ရတဲ့ ပုံစံလေးပါတဲ့။
ရှေ့မှာရိုက်ထားတာတွေက ဒရာမာတွေကြီးပဲ။ ခုက ပထမဆုံးဟာသရိုက်တာပေါ့။
ကြည့်တဲ့ပရိသတ်တွေ ရယ်ရမယ်လို့လဲထင်ပါတယ်။ ဒရာမာကတော့
ရှေ့မှာရိုက်ထားတာတွေက ၃ကားလောက်ရှိတယ်ဆိုတော့ သိပ်မခက်တော့ဘူးပေါ့။
ဟာသကတော့ ပထမဆုံးပါပဲ’လို့ သူကပြောပါတယ်။
ခင်ဆွေသက်/ Trend Myanmar
No comments:
Post a Comment