28 March 2014

အပစ်ရပ်ရေး မပြီးဘဲ နိုင်ငံရေးဆွေးနွေးပါက ပဋိပက္ခများဆီ ပြန်လည် ဦးတည်နိုင်ဟု ကာ/ချုပ်ပြောကြား

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဦးတည် လုပ်ကိုင်နေသော မြန်မာနိုင်ငံတွင် အပစ်အခတ် ရပ်စဲရေးလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ပြီးစီးခြင်း မရှိဘဲ နိုင်ငံရေးဆွေးနွေးမှုများ စတင်ပြုလုပ်ပါက လက်နက်ကိုင် ပဋိပက္ခများဆီသို့ ပြန်လည် ဦးတည်သွားနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၆၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာ မဆောင်ရွက်ဘဲ နိင်ငံရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်နေရင် သဘောထား မတိုက်ဆိုင်မှုတွေကြောင့် မလိုအပ်ဘဲ အချိန် ကြန့်ကြာနိုင်သလို နဂိုရှိပြီးသား ညှိနှိုင်း သဘောတူမှုတွေပါ ပျက်ပြယ်သွားနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခတွေဆီကိုပဲ ပြန်လည် ဦးတည်နိုင်တယ် ဆိုတာကို သတိထားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက သတိပေး ပြောဆိုသည်။

ရခိုင်မျိုးချစ်များ မျက်လုံးဖွင့်ကြပါ

ရခိုင်ပြည်နယ်၌ ပြဿနာများ တခုပြီးတခု ဖြစ်လာနေခြင်းသည် ရခိုင်ပြည်သူများအတွက် အထူး သတိထား နေထိုင်ရမည့် အခြေအနေ ဖြစ်ပါသည်။
အခုရက်ပိုင်းအတွင်း နိုင်ငံတကာ NGO ၀န်ထမ်း အမေရိကန် အမျိုးသမီးတဦးက ၎င်းတို့၏ ရုံးတွင်လွှင့်ထူ ထားသည့် သသနာ့ အလံအား ဖြုတ်ချမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခသည် ကျယ်ပြန့်သွားသည့်အပြင် အပြစ်မရှိသော ကလေးငယ် တဦး၏ အသက်ကိုပါ ပေးဆပ်လိုက်ရသည်။
ပြဿနာများ ဆက်တိုက်ဖြစ်ပွားနေခြင်း၏ နောက်ကွယ်တွင် လှုံ့ဆော်နေသည့် အဖွဲ့အစည်းတရပ် သို့မဟုတ် စွမ်းအားရှင်၊ သို့မဟုတ် လူမိုက်ဂိုဏ်း ကဲ့သို့ အုပ်စုတစုကို မွေးမြူ၍ လှုပ်ရှားခိုင်းစေမှုများ ရှိနေသလားဟုလည်း သံသယဖြစ်မိပါသည်။

ပရိတ်သတ်က အမှတ်တရ ပစ္စည်းတောင်းရာ အတွင်းခံများ ချွတ်ပြီး လက်ဆောင်ပေးခဲ့သော မော်လ်ဒယ်

တရုတ်မော်ဒယ်တယောက်ရဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းပေးပုံ
တရုတ်နိုင်ငံ အင်တာနက်စာမျက်နှာ တခုက အံ့အားသင့်စေတဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းပေးခြင်း မြင်ကွင်း ဖြစ် ပါတယ်။ အသက် ၃၁ နှစ်အရွယ် Gloria ရဲ့ မြင်ကွင်းတွေပါ။

သူ့ဟာ ကျော်ကြားတဲ့ မော်ဒယ်တဦးဖြစ်ပြီး အမှတ်တရ ပစ္စည်းတောင်းတဲ့အခါ သူက ပါလာသမျှ အခုလို ချွတ်ပေးနေတာပါ တဲ့။

ရန်ကင်းမှာ ခေါင်းဖြတ် အသတ်ခံရမှုနှင့် ပတ်သက်၍ လူ ၂၀၀ ခန့် ယနေ့ဆန္ဒထုတ်ဖော်မည်

ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့ နယ် အတွင်း ၌ ခေါင်းဖြတ် အသတ်ခံ ရမှုနှင့် ပတ်သက်၍ ပြည် သူ များ ဘ၀ လုံခြုံမှု ရှိ စေရေး အတွက် မင်းမဲ့ စရိုက် များ ဖြစ်ပေါ် နေခြင်း ကို ပပျောက် စေရန် နှင့် တရား ဥပ ဒေ စိုးမိုးမှု ရှိစေ ရန်အတွက် ရပ်ကွက် နေ ပြည်သူ နှစ်ရာ ခန့် ယနေ့ ဆန္ဒ ထုတ်ဖော် မည်ဖြစ်ကြောင်း ဆန္ဒပြ ပြည်သူများထံမှ သိရသည်။

ဒီလူသတ်မှု က လူမဆန်စွာ ရက်ရက် စက်စက် သတ် သွားတာ။ ပြစ်ဒဏ်နဲ့ ပြစ်မှု ကို ကိုက်ညီအောင် ဆောင်ရွက်ပေးစေချင်တယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘ၀ လုံခြုံ မှု ရှိဖို့ လိုအပ် နေပြီ။ ဒီလို မင်းမဲ့စရိုက် တွေ ပပျောက် အောင်လို့ အခုလိုဆန္ဒထုတ်ဖော်တာပါ””ဟု ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေး ကော်မတီ ၀င် ဦးမျိုးခင်က ပြောသည်။

၁၅ နှစ်ကျော် မိန်းကလေးကို ဇနီးဖြစ်သူက ဆေးတိုက်ပြီး ခင်ပွန်းဖြစ်သူက အဓမ္မပြုကျင့်

ဒဂုံ ဆိပ်ကမ်းမြို့နယ် တွင် အသက်(၁၅) နှစ် (၉) လ အရွယ် မိန်းကလေးငယ် တစ်ဦး ကို လင်မယား နှစ်ဦး က ဆေးတိုက် ကာ ခင်ပွန်း ဖြစ်သူ က အဓမ္မ ပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ ကြောင်းဒဂုံ ဆိပ်ကမ်း မြို့မ ရဲစ ခန်းမှ သိရသည်။

မတ်လ (၂၄) ရက်နေ့၊ မွန်းလွဲ (၂) နာရီခွဲ အချိန်ခန့် က နေအိမ် သို့ လိုက်လည် သော (၁၅) နှစ်ကျော် အ ရွယ် မိန်းကလေး တစ်ဦးကို မ...... တို့ လင်မယားကအမျိုးအမည် မသိ ဆေး တစ်လုံးတိုက်ကာ နိုက်ကလပ် တစ်ခု သို့ ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် မတ်လ (၂၅) ရက်နေ့ နံနက် (၃) နာရီ အချိန် တွင် နိုက်ကလပ်မှ မ... ..တို့နေအိမ်သို့ မိန်းကလေး ကို ပြန်ခေါ်လာကြောင်း သိရသည်။ ဆေး အရှိန်ဖြင့် ခေါင်းမှုးကာ အိပ်နေသော (၁၅) နှစ် ကျော်အရွယ်မိန်းကလေးကို မ...........၏ ခင်ပွန်း က အလို မတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယာဉ်ထိန်းရဲဝတ်စုံ ၀တ်ဆင်ထားသူ ၅ ဦးက ကားတစ်စီးအား သံတုတ်များဖြင့် ၀ိုင်းရိုက်

ယာဉ်ထိန်းရဲ ၀တ်စုံဝတ်ထားသူ ငါးဦးက မော်တော်ကားကို ကားဖြင့်တိုက်ခဲ့ပြီး ၀ိုင်းဝန်းထုရိုက်ဖျက်ဆီးမှု မြောက်ဒဂုံမြို့နယ် တွင် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ထိရောက်စွာ အရေးယူခြင်းမရှိပါက သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ပါ တိုင်တန်းသွားမည်ဟု ကာယကံရှင်ဖြစ်သူ ဦးစိုးပိုင်က မတ်လ ၂၇ ရက်က မဇ္ဈိမကို ပြောသည်။
မတ်လ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါအမှုတွင် သက်ဆိုင်ရာရဲစခန်းကို ချက်ချင်းအမှုဖွင့် တိုင်ကြား သော်လည်း အရေးယူပေးမှု မရှိဘဲ သုံးရက်မြောက်နေ့ မှ အရေးယူဆောင်ရွက်ပေးခဲ့သည့်အပေါ် အထက် ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်သို့ ပင့်မရ၍ ပြင်ဦးလွင်တွင် အဓိဋ္ဌာန် ပြုတည်ထားသော တန်ခိုးကြီးဆုတောင်းပြည့် ပြည်ချစ်ဘုရားကြီး၏ ပရ၀ုဏ်တွင်း မြေတူးဖော်စဉ် ရွှေများတွေ့ရှိ

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ နယ် ရှိ မဟာ အံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး ၏ ပရ ၀ုဏ် အတွင်း ကျောက်တောင် ကုန်း ကို မြေတူး စက်ဖြင့် တူးဖော် ၍ မြေညှိ ခြင်း လုပ်ငန်း များ ဆောင်ရွက် နေ စဉ် ဒန်ချိုင့် ဟောင်းဖြင့် ထည့်ထား သည့် ရွှေထည် ပစ္စည်း မျိုးစုံ (၂၆)မျိုး၊ စုစုပေါင်း အလေးချိန် (၄၁) ကျပ် သား၊ (၁၂ ပဲနှင့် ၅) ရွေး ကို တွေ့ရှိ ခဲ့ကြောင်း မဟာ အံ့ထူး ကံသာဘုရားကြီး ဂေါပက အဖွဲ့ အတွင်း ရေးမှူး ဦးကျော်ဌေးကို က The Messenger သတင်းစာ သို့ ပြောသည်။

မြေပြုပြင်ရေးလုပ်ရင်းနဲ့ မြေကြီးတွေ ကားပေါ်ကနေ ပြန်ပြုတ်ကျလာတဲ့အခါမှာ ရွှေလို့ယူဆရတဲ့ လက် ၀တ် ရတနာတွေ တွေ့ ရတာပါ။ သေချာမှတ်ကျောက်တိုက်ကြည့် တဲ့အခါကျတော့ ရွှေအစစ်တွေဖြစ်နေတယ် ဟု ၄င်းကပြောသည်။

အိန္ဒိယ သမုဒ္ဒရာ နေရာသစ်မှာ အစအနတွေ ထပ်တွေ့

                                                                                 နယူးဇီလန် လေယာဉ်ပေါ်က တွေ့ရတဲ့ အပိုင်းအစတစ်ခု

ပျောက်နေတဲ့ မလေးရှား လေယာဉ်ကို ရှာဖွေနေတဲ့ အဖွဲ့တွေထဲက နယူးဇီလန် စစ်ဖက်လေယာဉ် တစ်စီးဟာ အိန္ဒိယ သမုဒ္ဒရာထဲက နေရာသစ်တခုမှာ အပျက်အစီး ပစ္စည်း အစအနတွေ ထပ်တွေ့ခဲ့ပါတယ်။

ရေဒါ ဆက်သွယ်ရေး အချက်အလက်တွေကို ထပ်ပြီး အသေးစိတ် စစ်ဆေးပြီးတဲ့နောက်မှာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း သြစတြေးလျ နိုင်ငံ ပါ့သ်မြို့ အနောက်ဘက် ပင်လယ်ပြင်ထဲက နေရာသစ်မှာ ရှာဖွေနေကြရင်း အခုလို တွေ့ခဲ့ရတာပါ။

အခု တွေ့ရတဲ့ နေရာသစ်ဟာ အရင်ရှာနေတဲ့ နေရာတွေထက် ကမ်းခြေဘက်နဲ့ ကီလိုမီတာ ၁၁၀ဝ လောက် မြောက်ဘက် ပိုကျပါတယ်။

အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစတချို့ ရှာဖွေရေးလေယာဉ်တွေ့ရှိ

ပျောက်နေဆဲဖြစ်တဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာရဲ့ မြောက်ဖက်ရွှေ့ပြီး ရှာနေတဲ့နေရာမှာ အရာဝတ္ထုတွေကို ရှာဖွေရေး လေယာဉ်ပေါ်ကနေ တွေ့ရှိခဲ့ပါတယ်။ Perth မြို့ရဲ့ အနောက်ဖက် မိုင် ၁၁၀၀ ကျော်လောက်က အသစ်ပြောင်း ရှာနေတဲ့ နေရာမှာ အရာဝတ္ထုတွေကို နယူးဇီလန် တော်ဝင်လေတပ်က Orion ကင်းထောက်လေယာဉ် ကနေ တွေ့ရှိခဲ့တယ်လို့ (AMSA) သြစတြေးလျ ရေကြောင်းလုံခြုံရေး အာဏာပိုင်တွေက  ပြောပါတယ်။

လေယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ကို ပြန်ပို့ပေးပြီး အတည်ပြုနိုင်ဖို့ လုပ်နေပြီလို့ AMSA ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်၊ အဲဒီ့နေရာဆီကို စနေနေ့ မတိုင်ခင်တော့ သင်္ဘောတွေ ရောက်နိုင်မှာ

ရေအောက်မှာ လေယာဉ်ပျောက်ကို ဘယ်လိုရှာမလဲ (ရုပ်/သံ)

မလေးရှား လေယာဉ်ပျောက်နဲ့ ပတ်သက်တဲ့ နောက်ထပ် သဲလွန်စတခု ထပ်ရလို့ အဲဒီကို အပြေးအလွှား သွားရှာနေကြပြန်ပါပြီ။ ရေဒါ အချက်အလက်တွေအရ လေယာဉ်ဟာ အရင် မှန်းထားတာထက် ပိုမြန်မြန် မောင်းခဲ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရင် ရှာနေတဲ့ နေရာကနေ ကီလိုမီတာ ၁၁၀၀ လောက် အကွာမှာ ရှာဖွေရမယ်လို့ သြစတေးလျနဲ့ မလေးရှား အစိုးရတွေက ဆိုပါတယ်။ အဲဒီနေရာမှာ ရှိတာ သေချာပြီ ဆိုရင်တော့ ဆိုနာ နည်းပညာ သုံးပြီး ရှာဖွေမှာ ဖြစ်ပါတယ်။

စစ်တွေမှာ တည်ငြိမ်ရေး ဦးစားပေးလုပ်နေ

                                                                                ပြည်နယ်အစိုးရက ဝန်ထမ်းတွေကို ရန်ကုန်ကို ပြန်ပို့ပေးနေ

 စစ်တွေမြို့မှာ နိုင်ငံတကာ အဲန်ဂျီအိုတွေကို တိုက်ခိုက်မူတွေ ဖြစ်ပြီးနောက် ရှောင်တိမ်း နေကြတဲ့ အန်ဂျီအို တွေဝန်ထမ်း တချို့ကို မြန်မာ အစိုးရက ရန်ကုန်မြို့ကို ပြန်ပို့ပေး ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ တည်ငြိမ်ရေးနဲ့ တရား ဥပဒေ စိုးမိုးရေးကို အဓိကထား ဆောင်ရွက် နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးအောင်သန်းတင်က ပြောပါတယ်။ အရေးကြီး တာကတော့ တည်ငြိမ် အေးချမ်းရေးနဲ့ အဲန်ဂျီအိုတွေက ဝန်ထမ်းတွေ ဘေးကင်း လုံခြုံရေးဘဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူ တိုက်ခိုက်မူ အတွင်း အန်ဂျီအိုရုံး နှစ်ဆယ်ကျော် တိုက်ခိုက် ခံခဲ့ရပြီး အဲန်ဂျီအို ဝန်ထမ်း ၇၀ ကျော်ကိုတော့ ဘေးကင်း လုံခြုံရာကို ပို့ဆောင်ပေးခဲ့ ရတယ်လို့ ဆိုပါတယ်။

ထိုင်းမှာ ရောင်းစားခံ မြန်မာ ၂၁ ဦးကို ကယ်တင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင်မြို့မှာရှိတဲ့ ပုဇွန်စက်ရုံမှာ လူပွဲစားတွေကတဆင့် အရောင်းစား ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ကျော်ကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ပူးပေါင်းပြီး မတ်လ ၂၇ ရက်နေ့ မနေ့နေ့လည်ပိုင်းက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လူကုန်ကူးခံထားရတဲ့ မြန်မာအလုပ်သမားတွေထဲက အသက် ၁၆ နှစ်အောက် ကလေးငယ် နှစ်ဦးအပါ အဝင် မြန်မာနိုင်ငံသား ၂၁ ယောက် လွတ်မြောက် လာတာဖြစ်တယ်လို့ လူကုန်ကူးသူတွေကနေတစ် ဆင့် ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက အခု လို ပြောပါတယ်။