ရန်ကုန်တိုင်း
ဒေသကြီး၊ ရန်ကင်းမြို့ နယ် အတွင်း ၌ ခေါင်းဖြတ် အသတ်ခံ ရမှုနှင့်
ပတ်သက်၍ ပြည် သူ များ ဘ၀ လုံခြုံမှု ရှိ စေရေး အတွက် မင်းမဲ့ စရိုက် များ
ဖြစ်ပေါ် နေခြင်း ကို ပပျောက် စေရန် နှင့် တရား ဥပ ဒေ စိုးမိုးမှု ရှိစေ
ရန်အတွက် ရပ်ကွက် နေ ပြည်သူ နှစ်ရာ ခန့် ယနေ့ ဆန္ဒ ထုတ်ဖော်
မည်ဖြစ်ကြောင်း ဆန္ဒပြ ပြည်သူများထံမှ သိရသည်။
ဒီလူသတ်မှု က လူမဆန်စွာ ရက်ရက် စက်စက် သတ် သွားတာ။ ပြစ်ဒဏ်နဲ့ ပြစ်မှု ကို
ကိုက်ညီအောင် ဆောင်ရွက်ပေးစေချင်တယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝ
လုံခြုံ မှု ရှိဖို့ လိုအပ် နေပြီ။ ဒီလို မင်းမဲ့စရိုက် တွေ ပပျောက်
အောင်လို့ အခုလိုဆန္ဒထုတ်ဖော်တာပါ””ဟု ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေး ကော်မတီ ၀င် ဦးမျိုးခင်က
ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ရန်ကင်း မြို့ နယ် (၁၂) ရပ်ကွက်အတွင်း
လူ နှစ်ဦးသည် မတ် လ (၁၅) ရက် နေ့ ည (၁၁) နာရီ၊ (၄၅) မိနစ်၊ အချိန်က စ
ကား များ ရန်ဖြစ်ခဲ့ရာ မှ ဓားဖြင့် ခုတ်မှု ဖြစ်ပွားခဲ့၍ လူတစ်ဦး
ခေါင်းဖြတ် ၍ သေဆုံး သွားခဲ့ကြောင်း ရန် ကင်း မြို့နယ် ရဲ စခန်းမှ
သိရသည်။ကျွန်တော်တို့ ဆန္ဒပြဖို့ကို ခွင့်ပြုချက် လည်းရပြီးပါပြီ။
ဒီလိုမျိုး မင်းမဲ့စရိုက် လုပ် သွားတာကို လုံးဝ ကန့်ကွက် ပါတယ်။ ဒါ
ကြောင့် သစ္စာလမ်းကနေ ကျောက်ကုန်း လမ်း၊ ကျောက် ကုန်းလမ်းကနေ
ရန်ရှင်းလမ်း ကနေ သစ္စာလမ်း တစ်လျှောက်အထိ ဖော် သွားမှာပါ ဟု
ဦးမျိုးခင်က ပြော သည်။
အဆိုပါ ဆန္ဒပြပွဲကို ယနေ့ ညနေ
သုံး နာရီမှ ငါးနာရီ အထိ ကြွေးကြော်သံများဖြင့် အတူ ဆန္ဒထုတ် ဖော်
သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းလူသတ်မှုကို အရေးယူပေးရန် အတွက်
သေဆုံးသူ၏ ယောက္ခမ ဖြစ်သူ က တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ပြီး ရန်ကင်း
မြို့မ ရဲစခန်းက ပ ၄၅/၂၀၁၄ ၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်ထားကြောင်း
သိရသည်။
The Messenger
No comments:
Post a Comment