မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ နယ် ရှိ မဟာ အံ့ထူးကံသာ
ဆုတောင်းပြည့် ဘုရားကြီး ၏ ပရ ၀ုဏ် အတွင်း ကျောက်တောင် ကုန်း ကို မြေတူး
စက်ဖြင့် တူးဖော် ၍ မြေညှိ ခြင်း လုပ်ငန်း များ ဆောင်ရွက် နေ စဉ်
ဒန်ချိုင့် ဟောင်းဖြင့် ထည့်ထား သည့် ရွှေထည် ပစ္စည်း မျိုးစုံ (၂၆)မျိုး၊
စုစုပေါင်း အလေးချိန် (၄၁) ကျပ် သား၊ (၁၂ ပဲနှင့် ၅) ရွေး ကို တွေ့ရှိ
ခဲ့ကြောင်း မဟာ အံ့ထူး ကံသာဘုရားကြီး ဂေါပက အဖွဲ့ အတွင်း ရေးမှူး
ဦးကျော်ဌေးကို က The Messenger သတင်းစာ သို့ ပြောသည်။
မြေပြုပြင်ရေးလုပ်ရင်းနဲ့ မြေကြီးတွေ ကားပေါ်ကနေ ပြန်ပြုတ်ကျလာတဲ့အခါမှာ
ရွှေလို့ယူဆရတဲ့ လက် ၀တ် ရတနာတွေ တွေ့ ရတာပါ။ သေချာမှတ်ကျောက်တိုက်ကြည့်
တဲ့အခါကျတော့ ရွှေအစစ်တွေဖြစ်နေတယ် ဟု ၄င်းကပြောသည်။
အဆိုပါ ရွှေထည် ပစ္စည်း
များမှာ လွန်ခဲ့ သည့် နှစ်ငါးဆယ် ခန့် က လက်ရာဟုယူဆရ သည့် ရွှေဘယက်၊
ရွှေကြယ်သီး၊ ရွှေလက် ကောက်အစရှိသည့် ရွှေထည်ပစ္စည်း အမျိုးစုံ
(၂၆)မျိုးဖြစ်ပြီး၊ ရှေး ဟောင်း ပစ္စည်းမဟုတ် ကြောင်း ၄င်းကဆိုသည်။ အဆိုပါ
ရွှေထည်ပစ္စည်းများကို ဗုဒ္ဓ သာသနိကပစ္စည်း အဖြစ် သတ်မှတ်ကာ မဟာ
အံ့ထူးကံသာဘုရားကြီး ကိန်းဝပ်ရာ ဂန္ဓကုဋိ တိုက်တော် အတွင်းရှိ ရတနာ
ရွှေပန်းခိုင် အလူ မီနီယံပုံးအတွင်း၌ အများပြည်သူ ကုသိုလ်
ပွားများနိုင်ရန်ရည်ရွယ်၍ ခင်းကျင်းပြသထား ကြောင်း ဂေါပ ကအဖွဲ့ထံမှ သိရသည်။
မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီးသည် တရုတ်နိုင်ငံသို့သယ်ယူရန်
ထုလုပ်ပူဇော်ခဲ့သည့် မြန်မာမှုလက်ရာဖြစ်ပြီး၊ တရုတ်နိုင်ငံသို့ သယ်ယူစဉ်
ပြင်ဦးလွင်မြို့၊ ယခု ဘုရားကြီး သီတင်းသုံးရာနေရာတွင် မော် တော်ယာဉ်ပေါ်မှ
ပြုတ်ကျခဲ့ရာ မည်သည့် ယန္တရားမှ သယ်ယူပင့်မ၍ မရသောကြောင့် အဆိုပါ နေရာတွင်
ပင် ဘုရားတည်ရန်အဓိဋ္ဌာန် ပြုသည့်အခါမှ ပင့်မ၍ရခဲ့သဖြင့် ဆုတောင်း
ပြည့်ပြည်ချစ်ဘုရားဟုလည်း နာမည် ကျော် ကြားခဲ့သည်။
The Messenger News Journal
No comments:
Post a Comment