07 April 2014

သင်္ကြန်မှာ သီချင်းဆိုရတဲ့ ရွှေမှုံရတီရဲ့ ခံစားချက်

ရွှေမှုံရတီက ဆယ်တန်းစာမေးပွဲအတွက် ဇာတ်ကားရိုက်ကူးမှုတွေ ခဏနားခဲ့ပြီး စာမေးပွဲဖြေပြီးနောက် မှာတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပါတယ်။ ပညာရေး ဘက် ကို အာရုံစိုက်ပြီး လုပ်ခဲ့ပြီး အနု ပညာဘက်ကို အခုချိန်မှာ ပိုအာရုံ စိုက်လုပ်နိုင်ပြီလို့လည်း ပြောပြတဲ့ ရွှေမှုံရတီက ” ဒီကားက ရွှေမှုံဆယ်တန်း စာမေး ပွဲဖြေပြီး ပြန် ရိုက်တာဒုတိယ မြောက်ဇာတ်ကားပါ။ ရွှေတံခါးဆိုတဲ့ကောင်မလေးတစ်ယောက်၊ တံခါးဆိုတဲ့ အတိုင်းနောက်ကွယ်မှာ ဘယ်လိုတွေရှိမလဲဆိုတာပေါ့။
ပဟေဠိဝှက်တတ်တဲ့သူတစ်ယောက်၊အခု စာမေးပွဲ ပြီးပြီဆိုတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖို့ ရှိတယ်။ ပညာရေးဘက်ကို အရင်လုပ် နေရတယ်။ အခုဒီအနုပညာ ဘက်ကို ပိုပြီး အာရုံစိုက်လုပ်နိုင်တာပေါ့နော်။ သင်္ကြန်ပြီးရင် အန်ကယ်လေးနဲ့ အောင်ပန်းမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်မယ်။ ဇာတ်ကိုသေသေချာချာ မသိသေးဘူး။ နယ်တွေလည်းသွားဖို့ရှိတယ်။ ပြင်ဦးလွင်မှာ ၁လလောက်
ကြာမယ်။ ဘန်ကောက်ကိုအမေတို့ နဲ့ သွားမယ်။ ကားရိုက်အတွက်လို အပ်တာလေးတွေ သွားဝယ်မယ်” လို့ ပြောပြပါတယ်။
သင်္ကြန်မှာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးထိတွေ့ခွင့်ရတဲ့အတွက် သီချင်းဆိုဖြစ်မယ်လို့လည်း ပြောပါတယ်။ ရွှေမှုံရတီရဲ့ သင်္ကြန်မှာ သီချင်းဆိုဖြစ်တဲ့ခံစားချက်ကလည်း ” သင်္ကြန်မှာ နေပြည်တော်မြို့ တော်ဝန်မဏ္ဍပ်မှာ ရှိမယ်။ သီချင်းဆိုပြီး ပရိသတ်တွေကို ဖျော်ဖြေမယ်။ သင်္ကြန်မှာ သီချင်းဆိုရတဲ့ခံစားချက်ကကိုယ်သီချင်းဆိုတဲ့အခါ ပရိ သတ်တွေက လိုက်ဆိုတာ တအားပျော်ဖို့ကောင်းတယ်” လို့ ပြောပြခဲ့ပါတယ်။

popularmyanmar

No comments:

Post a Comment