07 April 2014

အတာသင်္ကြန်အစီအစဉ်များနဲ့ နန်းဆုရတီစိုး

နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ မြန်မာလူမျိုးတွေရဲ့ရိုးရာသင်္ကြန်ပွဲတော်အချိန်အခါကို ရောက်ရှိလို့လာပါတော့မယ်။ဒီလို နှစ်သစ်ကူးအချိန်အခါရောက်တိုင်း ရင်ခုန်ကြည်နူးရကြောင်းကို နန်းဆုရတီစိုးက..” မြန်မာလူမျိုးတွေအားလုံးရဲ့အပျော်ရွှင်ရဆုံးရိုးရာပွဲလည်းဖြစ်တယ်။ ပရိသတ်တွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်၊ ရင်း ရင်းနှီးနှီး နဲ့ တွေ့ ဆုံဆင်နွှဲရတယ်။ နှစ်သစ်ကူးကြတယ်။ အနုပညာရှင်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ သင်္ကြန်ရောက်တိုင်း ပရိသတ်တွေကို ဖျော်ဖြေဖြစ်တယ်။ သင်္ကြန်ရောက် ခါနီး ဆိုရင် လည်း ရင်ခုန်ပြီးပျော်ရွှင်ရတယ်” လို့ ပြောပါတယ်။
နှစ်တိုင်းနှစ်တိုင်း သင်္ကြန်မှာ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်ရတာကြောင့် အမှတ်တရတွေများစွာရှိခဲ့ပြီး အမှတ်တရများစွာထဲကမှ မှတ်မှတ်ရရ သင်္ကြန်အချိန်အခါဆို ရင်ေ တာ့ ငယ်စဉ်က မိသားစုတွေနဲ့အတူကားနဲ့ ရေပက်ခံထွက်လည်တာကတော့ အပျော်ရွှင်ရဆုံးပဲဖြစ်ကြောင်း နန်းဆုရတီစိုးကပြောပါတယ်။ သင်္ကြန်ကာလမှာ ပရိ သတ်တွေ အန္တရာယ်ကင်းစွာ ပျော်ရွှင်စေချင်ကြောင်းကို နန်းဆုရတီစိုးက…
” နှစ်သစ်ကူးပြောင်းတဲ့အတာ သင်္ကြန်မှာအားလုံးက နှစ်သစ်ကိုရောက်တဲ့အတွက် တအားပျော်နေမှာပါ။
လူတွေအားလုံးကလည်း ပြုံးပျော်ရွှင်လန်းပြီး Fresh ဖြစ်နေကြ မှာပဲ။ လူတွေအားလုံး ပျော်နေကြတဲ့အချိန်မှာ ပျော်တာတော့ ပျော်ပေါ့။ ဒါပေမဲ့အပျော်လွန်တာမျိုး မဖြစ်စေချင်ဘူး။ အန္တရာယ်ကင်း ကင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုေ တာင်းပေးပါတယ်” လို့ ပြောပါတယ်။ နန်းဆုရတီစိုးက ဒီနှစ်သင်္ကြန်မှာ မန္တလေးမြို့တော်ဝန် မဏ္ဍပ်မှာ ပရိသတ်တွေကို တေးသီချင်းများဖြင့် ဖျော်ဖြေ တင် ဆက် ရင်း နှစ် သစ်ကို ဖြတ်သန်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
” ဒီနှစ်သင်္ကြန်မှာ လူငယ်ဆန်ဆန်နဲ့ ဟော့ရှော့ဖြစ်မယ့်ပုံစံမျိုးတွေ ဝတ်ဖြစ်မှာပါ။ သင်္ကြန်မှာ ရေစိုတဲ့ အချိန်လည်း ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေမယ့်ပုံစံမျိုး ဝတ်ဖြစ်မယ်။ သင်္ကြန်မှာ ဝတ်မယ့်ဖက်ရှင်တွေလည်း စဉ်းစားထားပါတယ်။ အခုစဉ်းစားထားတာကတော့ မိုးကာသား ပုံစံတွေ သိပ်မဝတ်ကြဘူး။ အဲဒီ မိုးကာ သားတော င့် တော င့်ကြီးတွေ ပလတ်စတစ်သားတွေက သင်္ကြန်နဲ့ဆိုရင် ပိုလိုက်ဖက်မယ်ထင်လို့ ဝတ်ဖို့စဉ်းစားထားတယ်” လို့ သင်္ကြန်ဖက်ရှင်နဲ့ပတ်သက်ပြီး နန်းဆုရတီစိုး က ပြောပြ ပါ တယ်။

\ခိုင်ဝေလွင်၊ ဓာတ်ပုံ-မင်းမင်းထွန်း/popularmyanmar

No comments:

Post a Comment