လွိုင်ကော်မြို့  နွားလ၀ိုး အုပ်စု ပဒါးညေးကျေးရွာမှာ မနေ့ ကနေ့ လည်
(၄၊၄၊၂၀၁၄ ရက်စွဲဖြင့်) ၁၂နာရီ မိနစ် ၂၀ တွင် မိုးကြိုးပစ်၍
လူတဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရ ကြောင်းသတင်းရရှိသည်။
၎င်း ၆ဦးမှာ မိမိတို့ အလုပ်လုပ်နေသည့်တောင်ယာ လုပ်ငန်းခွင် အတွင်းရှိနေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။
မိုးကြိုးပစ်ခံရသူ ၆ ဦးအနက် အသက် ၂၀ အရွယ်ရှိ ခွန်တီးကျားမှာ
ပွဲခြင်းပြီးသေဆုံးသွားပြီး နန်းခင်စိမ်းမှာ ထိခိုက်မှုပြင်းထန်၍
ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူနေကြောင်း နှင့်ကျန်သူများမှာ
မိုးကြိုးဒဏ်ကြောင်းမူးဝေနေခဲ့ကြောင်းသိရသည်။
“သူတို့ တောင်ယာသွားပြီး သစ်ငှတ်တူးတာကနေ နေ့ လည်ထမင်းစားနားကြချိန်
မိုးရွာလာ၍ သစ်ပင်အောက်မှာ ၆ ယောက်စလုံး ခိုနေကြတယ်။ အဲဒီ
မှာပဲမိုးကြိုးပစ်ပြီး ၆ ယောက်စလုံး ထိတယ်။ တဦးတော့သေသွားတယ် နောက်တဦးက
ဒဏ်ရာ ပြင်းထန် ရပြီး ဆေးရုံပို့ လိုက်တယ် ။ကျန်လူတွေက တအားမထိခိုက်ဘူး
မူးမေ့ ကြပြီးပြန်သတိရလာကြတယ် ” လို့ ရွာသူကြီး ဦးလှဝင်း ကပြောပါတယ်။
သေဆုံးသွား သူမှာ အသက် ၂၀ ရှိသည့် ဦးသောင်းနှင့်ဒေါ်ဗျူး သား ၅ ယောက်မြောက်
ခွန်တီးကျား ဖြစ်ပြီး ဒဏ်ရာ ပြင်းထန်စွာရရှိသော နန်းခင်စိမ်းနှင့် ကျန်လေး
ယောက်မှာ ခွန်ကျော်စိန်၊ နန်းဟုန်ကီး၊ နန်းမနော်၊ နန်းခမ်းဆင့် တို
့ဖြစ်ကြောင်သိရသည်။ ၎င်းမိုး ကြိုး ပစ်တဲ့ နေရာ မှာ ရွာ နှင့် ၁ မိုင်
အကွာအဝေးရှိသော တောင်ယာခင်း မှာဖြစ်သည်။
ယခုလို ခွန်းတီကျားတို့ သူငယ်ချင်းတသိုက် မိုးကြိုးပစ်ခံရသော
နေရာတ၀ိုက်တွင် ၃ နှစ် ၁ ခါ လောက် မိုးကြိုးပစ်လေ့ရှိပြီး မိုးကြိုးပစ်
ပြီး သေဆုံးသွားသောတဲ့ လူတွေထဲ မှာ ခွန်တီးကျား က ၄ ယောက်မြောက်
သေဆုံးသူဖြစ်ကြောင်း ပဒါးညေး ရွာသူကြီးက ဆက်ပြောသွားသည်။
Written by ရှားမြာ
ကန္တရဝတီတိုင်း(မ်)
No comments:
Post a Comment