နေပြည်တော်ကောင်စီနယ်မြေတပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအတွင်း
ရန်ကုန်-မန္တလေးကားလမ်း ဟောင်းပေါ်၌ ယနေ့ညနေ၄ နာရီ ၁၀ မိနစ်ခန့်က ၁၂
ဘီးအပြာရောင် ကုန်တင်ယာဉ်တစ်စီးအရှိန်လွန်ပြီး တံတား တစ်စင်းအောက်ထိုးကျကာ
တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (ယာပုံ)ဖြစ်စဉ်မှာ စစ်ကိုင်း
တိုင်းဒေသကြီး ရွှေဘိုမြို့ရပ်ကွက် (၁၀)နေ ယာဉ်မောင်း
ကျော်ကြီး(ခ)ကျော်စိုးဝင်း (၄၇နှစ်) မောင်းနှင် လာသည့် Nissan Diesel
အပြာရောင် ၁၂ဘီး၉ခ/----ကုန်တင်ယာဉ်သည် လောင်စာဆီပီပါခွံများ
တင်ဆောင်ပြီးရန်ကုန်-မန္တလေးကားလမ်းမဟောင်းအတိုင်း မန္တလေးဘက်မှ
ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင် လာစဉ်မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော
ခရီးသည်တင်အဝေးပြေးမှန်
လုံယာဉ်တစ်စီးကို တိမ်းရှောင်လိုက်ရာမှ အရှိန်လွန်ဘီးချော်မှုဖြစ်ပြီး
သပြေချောင်းကျေးရွာအတွင်းရှိ တံတားအမှတ်(၇/၂၇၀)တံတားပေါ်မှအောက်သို့ထိုးကျကာ
တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင် ရာ
ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။
မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်ပွားချိန်တွင် လေပြင်းများ
ပြင်းထန်စွာတိုက်ခတ်နေကြောင်း၊ယာဉ်ပေါ်တွင်ပါရှိသည့်
ယာဉ်မောင်းနှင့်နောက်လိုက်တစ်ဦးတို့မှာ ထိခိုက် ဒဏ်ရာများ မရရှိကြောင်း၊
သို့သော်လည်း အဆိုပါယာဉ်မှာအရှိန်ပြင်းစွာထိုးကျမှုကြောင့်
ခါးလယ်မှကျိုးပြီး ဆိုးရွားစွာပျက်စီးခဲ့ကြောင်းသိရသည်။ ယင်းဖြစ်စဉ်နှင့်
ပတ်သက်၍သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ
ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar
No comments:
Post a Comment