လှည်းကူးက မြေနေရာ ဒုက္ခရောက်နေသူတွေ DKBA နယ်မြေကို ပြောင်းရွှေ့ Photo : RFA
ရန်ကုန်(မဇ္ဈိမ)။ ။ DKBA နှင့် လိုက်ပါသွားသော သမီးကလေးကျေးရွာသားများကို
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ခရိုင်ချင်း ဆက်သွယ်သော တံတားတွင်
ကရင်ပြည်နယ် အစိုးအဖွဲ့က တားဆီးထားသည်ဟု ယင်းအဖွဲ့နှင့် လိုက်ပါသွားသည့်
လူမှုအခြေပြုအဖွဲ့မှ ဦးအောင်လွင်က ပြောသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့က DKBA မှ ဗိုလ်မှူးကြီးစောသန်းအောင်နှင့်
ဆွေးနွေးလိုသည်ဆိုကာ လာရောက်ခေါ်ယူခြင်းဖြစ်ပြီး
သမီးကလေးကျေးရွာသားများနှင့် လူမှုအဖွဲ့အစည်းများက DKBA ဗိုလ်မှူးကြီးကို
အစိုးရအဖွဲ့နှင့် မထည့်သဖြင့် အချေအတင် ဆွေးနွေးနေခြင်းဖြစ်သည်ဟု
ဦးအောင်လွှင်ကပြောသည်။
“ပြည်နယ် အစိုးရက အဖွဲ့ကတွေ့ချင်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာလာတွေ့ပါ။
ကျွန်တော်တို့ကို ဒီဗိုလ်ကြီးက ခေါ်လာတာ သူ့ကို လွှတ်လိုက်ရင်
ကျွန်တော်တို့ကို ဘယ်သူ တာဝန်ယူမှာလဲ ပြီးတော့ တားရတဲ့ ရည်ရွယ်ချက်ကိုလည်း
မသိရသေးဘူး” ဟု ဦးအောင်လွှင်က
ပြောသည်။
ဒူးရင်းဆိပ်ခံတံတားတွင် ဆွေးနွေးမှုမှာ၂ နာရီခန့်ကြာမြင့်ပြီဖြစ်ပြီး
လာရောက်တားဆီးခြင်း၏ ရည်ရွယ်ချက်ကိုမူ မသိရသေးဟု လိုက်ပါသွားသူ
ဒေါ်နော်အုန်းလှက ရှင်းပြခဲ့သည်။
DKBA နှင့်လိုက်ပါသွားသော သမီးကလေးကျေးရွာမှ ရွာသား အရေအတွက်မှာ လူပေါင်း
၃၀၀ ခန့်ရှိပြီး လူမှုအဖွဲ့အစည်းမှ လိုက်ပါပို့ဆောင်သူ ၁၀၀ ဦးခန့်ရှိကာ
ကား ၈ စီးဖြင့် တားဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
ကေဇူး
Mizzima - News in Burmese
No comments:
Post a Comment