နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်း အဝိုင်းဘက် (မြောက်အရပ်)မှ
ကြာပန်းအဝိုင်းဘက် (တောင်ဘက်)သို့ ရာဇသင်္ဂဟ လမ်းမကြီးအတိုင်း
မောင်းနှင်လာသည့် DD/----HYUNDAI STAREX MINIBUS (မီးခိုးရောင်)
ဘုရားဖူးယာဉ်သည် ယနေ့နံနက် ၅ နာရီခန့်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်
ရုံးအနီးသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လက်ယာဘက် ပလက်ဖောင်းအား
ကျော်တက်ကာ ပေ ၁ဝဝ ခန့်အကွာအဝေးရှိ တောင်စောင်းနှင့် တိုက်မိခဲ့ကြောင်း
သိရသည်။
အဆိုပါယာဉ်မှာ ဦးခေါင်းပိုင်း ပျက်စီးပြီး ယာဉ်ပေါ်ပါ ခရီးသည် ၂၁ ဦးအနက်
ဖျာပုံမြို့ အပြောင်ရွာနေ
မဆုပြည့် (၇)နှစ်မှာ သေဆုံးခဲ့ကြောင်း၊
ကျန်ခရီးသည် ၂ဝ မှာ ဒဏ်ရာ ရရှိခဲ့သဖြင့် နေပြည်တော် ခုတင်(၁ဝဝဝ) ဆေးရုံတွင်
ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ယာဉ်မောင်း ဦးပိုင်ပိုင်မှာ
အခင်းဖြစ်သည့် အချိန်တွင် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း နေပြည်တော်
ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ (သတင်းစဉ်)
The Mirror Daily
No comments:
Post a Comment