မြောက်ကိုးရီးယားပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး အိုဆန်ဟွန်း ကို
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း တစ်ယောက် မီးသေနတ်နဲ
့မီးလောင်တိုက်သွင်းသတ်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ အိုဆန်ဟွန်းဟာ
မကြာမီက ခွေးစာကျွေးပြီး အဆုံးစီရင်ခံခဲ့ရသူ ကင်ဂျုံအန်းရဲ့ ဦလေး နဲ
့ဆက်နွယ်နေမှုကြောင့် အခုလို အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်က ဖခင်ဖြစ်သူသေဆုံးပြီး
မြောက်ကိုးရီးယားခေါင်းဆောင်နေရာကို လွှဲပြောင်းယူခဲ့တဲ့ ကင်ဂျုံအန်း
လက်ထက်မှာ အစိုးရထိပ်တန်းခေါင်းဆောင် အနည်းဆုံး ၁၂ ယောက်
အဆုံးစီရင်ခံခဲ့ရတယ်လို့  ဖော်ပြထားပါတယ်။
ပြည်သူ့ လုံခြုံရေးဝန်ကြီး အိုဆန်ဟွန်းကို မီးမှုတ်သေနတ်ကိုင်အဖွဲ့ နဲ
့အဆုံးစီးရင်ခဲ့ပြီး ဦးလေးကို အဆုံးစီရင်ခဲ့တဲ့ လမ်းစဉ်အတိုင်းပဲ
အလောင်းကို ခွေးစာကျွေးဖို့  ကင်ဂျုံအန်းက အမိန့် ပေးခဲ့တယ် လို့ 
ဆိုပါတယ်။
ပြုံယမ်းမှာ အခုလို မတည်ငြိမ်ဖြစ်နေမှုတွေကို တောင်ကိုးရီးယားဘက်ကလည်း
စိုးရိမ်မှုတွေ ရှိနေပြီး အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့အဖွဲ့ တွေ
ရှိကြောင်း တောင်ကိုးရီးယားက အတည်ပြုဖို့ ကြိုးစား စုံစမ်းနေတယ်လို
့ဆိုပါတယ်။ ဒါပေမယ့် တောင်ကိုးရီးယားဘက်က ဒီဖြုတ်ချဖို့ ကြိုးပမ်းမှုတွေက
နှစ်နိုင်ငံ ဆက်ဆံရေးမတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွားစေမယ်လို့ ခန်
့မှန်းထားကြပါတယ်။
မကြာသေးမီကလည်း မြောက်ကိုးရီးယားမောင်းသူမဲ့လေယာဉ်တစ်စီးကို
တောင်ကိုးရီးယားသိမ်းဆည်းရမိခဲ့ပြီး တောင်ကိုးရီးယားရဲ့နန်းတွင်းနေရာတွေကို
ရိုက်ယူထားတဲ့ ဓာတ်ပုံတွေပါရှိတယ်လို့ ဆိုပါတယ်။
Ref: Mirror.co.uk
Trend Myanmar
No comments:
Post a Comment