03 April 2014

မြေသိမ်းခံရတဲ့ မရမ်းကုန်း ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

မြေသိမ်းခံ မရမ်းကုန်း ၆ ရပ်ကွက်ပြည်သူတွေက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့မှာ သွားရောက်တွေ့ဆုံ။ ဓာတ်ပုံ - ကောင်းထက်ကျော် DVB TV News
ဧပြီ ၃ ရက်နေ့မှာ မြေသိမ်းခံရတဲ့ မရမ်းကုန်း ၆ ရပ်ကွက်နေ ပြည်သူတွေက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့မှာ သွားရောက်တွေ့ဆုံ အကူညီတောင်းခံကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေပြောတာတွေကို လက်ခံနားထောင်ပြီး “လုပ်ပေးမယ်လို့ ကတိမပေးနိုင်ပေမယ့် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ကြိုးစားပေးမယ်”လို့ ပြန်လည်အားပေးပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment