စစ်တွေမြို့တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှု၌ ပါဝင် ပတ်သက်သည်ဟု ယူဆပြီး
ဖမ်း ဆီးစစ်ဆေးနေသူများတွင် ရခိုင် အမျိုးသားပါတီမှ ဗဟိုကော်မတီ ဝင်တစ်ဦး
ပါဝင်နေကြောင်း သ တင်းရရှိသည်။
မကြာသေးမီ ရက်ပိုင်းက စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ကုလအပါအဝင်
အိုင်အင်န်ဂျီအို အဖွဲ့များ၏ နေအိမ်၊ ရုံး၊ ဂိုဒေါင်များ ဖျက်ဆီးခံရမှုနှင့်
ပတ်သက်၍ သံသယရှိသူ အမျိုး သားခြောက်ဦးနှင့် အမျိုးသမီး ခြောက်ဦးကို
ရဲတပ်ဖွဲ့မှ ဧပြီ ၁ ရက် နံနက်အစောပိုင်းက ဖမ်းဆီး ခဲ့သည်။
ယင်းအထဲတွင် ရခိုင် အမျိုးသားပါတီ (ANP)နှင့် ယခင် ရခိုင်ဒီမိုကရေစီ
အဖွဲ့ချုပ် ဗဟို ကော်မတီဝင် (CC) ဦးမောင်သိန်း၊ဓညဝတီရပ်ကွက်မှ အသက်(၇၀)
ကျော်အရွယ် ဒေါ်မအေးတို့လည်း ထိန်းသိမ်းခံခဲ့ရကြောင်း
ကာယကံရှင်မိသားစုဝင်များက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရ ပြန် ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ‘‘စစ်ဆေးနေတဲ့
အဆင့်ပါ။ ဘယ် သူတွေလဲဆိုတာ အသေးစိတ်မ သိရသေးဘူး။ ဥပဒေချိုးဖောက် တဲ့
ဘယ်ပါတီ၊ အဖွဲ့အစည်းမဆို အရေးယူခံရမှာပါ’’ဟု ပြောသည်။
ဧပြီ ၁ ရက် နံနက် ၁၂ နာရီ ကျော်က ဖမ်းဆီးသွားခဲ့သော ဒေါ် မအေးကိုမူ ဧပြီ ၂
ရက် ည ၇ နာ ရီကျော်တွင် ပြန်လွှတ်ပေးခဲ့ပြီး အမှတ်(၁)ရဲတပ်ဖွဲ့စခန်းမှူး
ကိုယ်တိုင် နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သမီးဖြစ်သူ
မနှင်းအေးကဆိုသည်။
‘‘အမေက အသက်(၇၀) ကျော် အုတ်တစ်ချပ်တောင် မမ နိုင်တော့ပါဘူး။ အဲဒီ (မတ် ၂၇) ရက်ကလည်း ဘေးက ရပ်ကြည့် နေတာပါ’’ ဟု မနှင်းအေးက ဆို သည်။
ဖမ်းဆီးထိန်းသိမ်းခြင်းခံရ သူ ANP မှ ဗဟိုကော်မတီဝင် ဦး မောင်သိန်း၏
သားဖြစ်သူ ကိုနိုင် စိုးက မတ်လ ၂၇ ရက်တွင် ဓညဝ တီရပ်ကွက်ရှိ Opportunity
Now အဖွဲ့နေအိမ်ကို ဖယ်ရှားခိုင်းခဲ့ ခြင်းသာဖြစ်ပြီး
ကိုယ်တိုင်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ဓာတ်ပုံ မှတ်တမ်းများတွင်
ပါဝင်နေသော ကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း ပြောသည်။ ထို့အပြင် ဖမ်းဆီးပြီး
ကတည်းက ဖခင်ဖြစ်သူကို ယခု အချိန်အထိ တွေ့ခွင့်မရသေးဟု ဆိုသည်။
‘‘မနေ့က (ဧပြီ ၁ ရက်) က ရုံးထုတ်တယ်။ တရားရုံးက လို အပ်တဲ့ စာရွက်စာတမ်း
မပြည့်စုံ လို့ လက်မခံတော့ မြို့နယ်မှူးရုံး ရှေ့ လမ်းပေါ်နေပူထဲမှာ
အချုပ်ကားရပ်ပြီး အကြာကြီးထား တယ်။ ရဲလက်စွဲနဲ့လည်း မညီပါ ဘူး’’ဟု ပြောသည်။
ဖမ်းဆီးခြင်းခံခဲ့ရသော သံသယရှိသူများကို စစ်တွေထောင်တွင်
ထိန်းသိမ်းထားရှိပြီး စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ
အရာရှိတစ်ဦးက ပြော သည်။
မတ်လ ၂၆ ရက် ညနှင့် ၂၇ ရက်တွင် ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှုများကြောင့်
စစ်တွေမြို့ပေါ် ရှိ ကုလအပါအဝင် အိုင်အင်န်ဂျီ အိုအဖွဲ့ ၃၀ ခန့်၏
နေအိမ်နှင့် ရုံး များ ပျက်စီးခဲ့သည်။
Author: အောင်ခိုင်၊ အောင်သစ်လွင်
7DAY DAILY
No comments:
Post a Comment