၇.၄.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် မူးယစ်ဆေးဝါးသတင်းအရ တာမွေမြို့နယ်၊နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းမပေါ်တွင် သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် မူးယစ်
ဆေးဝါးများပါရှိသည်ဟု သတင်းရရှိထားသည့် ယာဉ်အမှတ် 4F----
SKY LING အမျိုးအစား မော်တော်ယာဉ်အားတွေ့ရှိသဖြင့် ဗျိုင်းရေအိုးစင်
ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ရှာဖွေခဲ့ပါသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် ယစ်ကဒ်(ခ)၀င်းနိုင်၊(၃၈)နှစ်၊ (ဘ)ဦးလှမြင့်၊
မြို့မရပ်ကွက်၊ တောင်ြ့ကီးမြို့၊ ရှမ်းပြည်နယ်နေသူနှင့် မသီတာညို၊(၂၈)နှစ်၊
(ဘ)ဦးသန်းဝင်း၊ လွတ်လပ်ရေးရပ်ကွက်၊ အလုံမြို့နယ်နေသူတို့(၂)ဦးကို
တွေ့ရှိရပြီး၎င်းတို့(၂)ဦးကြား ဂီယာတံနောက်တွင်ထားရှိသည့်အစိမ်းရောင်
ပျောက်ကျားဘေးလွယ်အိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်
ဖြင့်ထည့်ထားသည့် WYစာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား(၁၂၂၆)ပြား၊ အလေးချိန်(၁၂၂.၆)ဂရမ်၊ ကာလတန်ဖိုး (၆၁၃၀၀၀၀)ကျပ်တို့အား တွေ့ရှိ
သိမ်းဆည်းရမိခဲ့ပါသည်။
ယင်းကဲ့သို့ မူးယစ်ဆေးဝါးများဖမ်းဆီးရမိသဖြင့် ယစ်ကဒ်(ခ)၀င်းနိုင်နှင့်
မသီတာညိုတို့(၂)ဦးကို တာမွေမြို့မရဲစခန်း မယ(ပ)၆/၂၀၁၄၊ မူး/စိတ်
ပုဒ်မ-၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment