08 April 2014

ထိုင်းနိုင်ငံတောင်ပိုင်း ကားဗုံးကြောင့် လူတစ်ဦးသေ ၁၄ဦး ဒဏ်ရာရ


ထိုင်းနိုင်ငံတောင်ပိုင်းမှာ တနင်္ဂနွေနေ့က ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် လူတစ်သေဆုံးခဲ့ရပြီး တစ်ဆယ့်လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ထိုင်းနိုင်ငံတောင်ပိုင်းက မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေအများစု နေတဲ့ ယတ်လားမြို့မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းစစ်တပ်ရဲ့ပြောပြချက်အရ အဆိုပါ ပေါက်ကွဲမှုဟာ ကားတစ်စီးမှာ ထောင်ထားခဲ့တဲ့ ကားဗုံးကြောင့်ဖြစ်ပြီး လေးကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မွတ်စလင်လက်နက်ကိုင်အဖွဲ့နဲ့ ထိုင်းအစိုးရတပ်တွေကြား ပစ်ခတ်မှုတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေပေမယ့် အခုလို ကားဗုံးထောင် တိုက်ခိုက်မှုကတော့ ဖြစ်လေ့ဖြစ်ထ မရှိဘူးလို့ သိရပါတယ်။
အဆိုပါမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဟာ ထိုင်းနိုင်ငံတောင်းပိုင်း ဒေသတချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ထိုင်းအစိုးရကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

ABC Radio Australia - မြန်မာပိုင်း

No comments:

Post a Comment