၂၀၁၂ခုနှစ်ရဲ့ အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခဲ့ပြီး အခုဆိုရင်
ရုပ်သံဇာတ်လမ်းတွဲတွေ အပြင်၊ ဗီဒီယို ဇာတ်ကားတွေများစွာမှာပါ တွေ့လာရတဲ့
မေမြင့်မိုရ်ကို လတ်တလောအနုပညာလှုပ်ရှားမှုတွေ
နဲ့ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမ အခုလတ်တလောမှာတော့ ကိုလူမင်း၊
မအူဝဲ နဲ့အတူ သက်မဲ့ဘဝဆိုတဲ့ ဗီဒီယိုဇာတ်ကားလေး ရိုက်လို့ပြီးသွားပါပြီ။
ဗီဒီယိုဇာတ်ကား၇ ကားလောက် ရိုက်ကူးထားပါတယ်။ ကလောမှာ ဗီဒီယိုကားတစ်ကား
ရိုက်ဖို့ရှိမယ်။ နောက်ပြီး လားရှိုးမှာ တစ်ကားရိုက်ဖို့ ရှိမယ်။ ပြီးတော့
Ensure ဆိုတဲ့ နို့မှုန့်ကြော်ငြာရိုက်ထားတယ်။ MRTV-4
ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Happy Beach ဇာတ်လမ်းတွဲအသစ်ကို ငွေဆောင်မှာ
သွားရိုက်ဖို့ရှိပါတယ်။ ပြီးရင် မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် Cover
တွေရိုက်ပေးဖို့ရှိပါမယ်။ အခုလို ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတဲ့
အပေါ်မှာလည်း အရမ်းဝမ်းသာမိပါတယ်။ ပထမဆုံး ရိုက်ကူးခဲ့တဲ့ The Sign Of Love
ရဲ့ Season 3မှာကတည်းက ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ ရိုက်ခွင့်ရခဲ့တယ်။
အဲဒီ့အပေါ်မှာ ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတယ်။ နယ်မှာရှိတဲ့ ပရိသတ်တွေက
ပိုအားပေးကြတယ်။ အဲဒီ့လိုအားပေးကြပေမယ့်လည်း ညီမက အသစ်ဖြစ်နေတဲ့အတွက်
လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ အခုပန်းနုသွေး Season-2 ကို
ဆက်ရိုက်သွားဖို့ရှိပါမယ်။ အဲဒီ့ဇာတ်ကားပေါ်မှာ ညီမအတတ်နိုင်ဆုံးနဲ့
အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ’လို့ သူမက ဆိုပါတယ်။
စန္ဒီ/Trend Myanmar
No comments:
Post a Comment