၂၀၁၄ ခုနှစ်တောင် အိမ်ထောင်ရေးက မသေချာဘူးဆိုပြီး အားလုံးသိထားတဲ့ မင်းသား
အကယ်ဒမီခန့်စည်သူနဲ့ တွေ့ဆုံခိုက် လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း
မေးကြည့်ဖြစ်တဲ့အခါ သူက ‘အခုရိုက်နေတဲ့ ကားလေးက ကမ္ဘာကျော် ကော်တရာ၂
ကိုပြန်ရိုက်နေတာပေါ့။ ပထမကားထဲမှာ အရမ်းကပ်စီးနှဲတယ်။ သားသမီးတွေကိုဆို
မပေးမကျွေးဘူး။ ပိုက်ဆံကို အမြဲတမ်းခြစ်ကုပ်ပြီး ကိုယ့်မိသားစုမပြောနဲ့
ကိုယ့်ဝမ်းတောင်ကိုယ်မသထာဘူး။ အဲဒီမှာ ပြသနာတွေတက်ပြီး နောက်ဆုံးကျမှ
တစ်ချိန်တုန်းက ထီရောင်းရင်းနဲ့မှ ထီလက်မှတ်လေးတစ်စောင်ဖြတ်ထားရင်းနဲ့မှ
ပေါက်တာပေါ့နော်။ ပထမကားမှာ ရှော့ဖြစ်ပြီးလဲသွာတယ်။ ဒီကားမှာက ထီပေါက်ပြီး
ပိုက်ဆံထုတ်တာက ပြန်စထားတယ်။ ထီပေါက်တော့ ပိုကပ်စီးနည်းသွားတယ်။ ရှေ့ကားက
ရုံတင်ကားကြီး ကိုဇော်နဲ့ မိုးဟေကိုနဲ့ ခိုင်သင်းကြည်နဲ့
ကိုလူမင်းနဲ့ကိုရန်လေးပေါ့။့ 
အဲ့ဒီကားထဲမှာ ကိုယ်က ဆံပင်ကို
ဘေးအပြောင်ထားပြီး အလယ်မှာ ကြက်တောင်စည်းလေး စီးထားတာပေါ့။ အဲ့ဆံပင်က
ပြန်မရှည်တော့ ဒီလိုဖြစ်နေတာပေါ့။ အဲ့ကားထဲမှာ ကိုလူမင်းက
ဂျင်မောင်ဖုန်းပေါ့။ ကိုရန်လေးက အုပ်ချုပ်ရေးမှူးပေါ့။ သူ့ကို
အုပ်ကြီးအုပ်ကြီးလို့ခေါ်ကြတယ်။ နောက်ဆုံးကျတော့ သူ့ကိုဖြုတ်ကြီးလို့
ခေါ်တယ်ပေါ့။ ကိုယ်က ထုံးပေါ့။ ဟာသလေးပါပဲ။ တစ်ယောက်နဲ့တစ်ယောက်
လူလည်ကျကြတာပေါ့။ ။ ဥကားရိုက်တဲ့ ရွာလေးမှာပဲ ပြန်ရိုက်ထားတာပါတဲ့။
ခင်ဆွေသက်/ Trend Myanmar
No comments:
Post a Comment