18 March 2014

အမျိုးသမီး အဆိုတော် ခုနစ် ယောက်နဲ့ Lလွန်းဝါ ရဲ့ ကိုရီးယား ဖျော်ဖြေရေးခရီး

Lလွန်းဝါ က သူလက်ရှိ လုပ်နေတဲ့ ဓမ္မတေးအခွေ ကိုတော့ သင်္ကြန်အပြီး မှာထွက်ဖို့ စီစဉ်ထားပြီး ထွက်ဖို့ကြာ နေရခြင်းကလည်း အခွေ က Live Show ရိုက်ကူးဖို့ စီစဉ်နေတာကြောင့် ပဲဖြစ်ကြောင်း၊ Live Show ကိုတော့ နောက်ခံဘုရား ကျောင်းပုံရိပ်တွေ ထည့်ပြီး ရိုက်ကူး သွားမှာဖြစ်ကြောင်း သီချင်း ၁၄ ပုဒ် ပါမှာ ဖြစ်ပြီး ၁၁ ပုဒ် က တီးပြီး သွားပြီးဖြစ် တယ်လို့ပြောပြပါ တယ်။ ဒီနှစ်သင်္ကြန် မှာတော့ ချောင်းသာ (သို့ မဟုတ်) နေပြည်တော်မှာ ရှိဖို့ များတယ်လို့ Lလွန်းဝါ ကပြောပြခဲ့ ပါတယ်။
Lလွန်းဝါ က ဟဲလေးနဲ့ အမျိုး သမီး အဆိုတော် ၇ ယောက် နဲ့ အတူ မတ်လ ၁၃ ရက်နေ့က ကိုရီးယား ဖျော် ဖြေရေးကို ထွက်ခွာ သွားပြီဖြစ်ပါတယ်။ ကိုရီးယား ဖျော်ဖြေရေး က တစ်ပတ် ကြာမှာ ဖြစ်ပြီး ဖျော်ဖြေပွဲ ရက်ကတော့ တစ်ရက် ပဲဖြစ်ကြောင်း၊ ပွဲမှာစုံတွဲ သီချင်းတွေနဲ့လည်း သီဆိုမှာ ဖြစ်ကြောင်း ကိုရီးယား ဖျော်ဖြေ ပွဲက သူ့ အတွက် ၄ ကြိမ်မြောက် ရှိပြီဖြစ် ကြောင်း၊ ဖျော်ဖြေပွဲ အနေ နဲ့ သွား ရောက်တဲ့ ခရီးဖြစ်ပေမယ့် လည်း တစ်ခေါက် နဲ့ တစ်ခေါက် အတွေ့ အကြုံ ကတော့ မတူကြောင်း Lလွန်းဝါက ပြောပါတယ်။ြ
ပည်ပ ခရီးစဉ်တွေ ထွက်တိုင်း အိမ်မှာ ပြုလုပ်ထားတဲ့ Home Studio အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို တစ်ခု မဟုတ် တစ်ခု တော့မယ် ဖြစ်တယ်လို့  Lလွန်းဝါ က ပြောပြပါတယ်။ “Home Studio က သိပ်ပြီးတော့ မကြီးပါဘူး။ Home Studio မှာ အခွေတော့ မလုပ်ဖြစ် သေး ပါဘူး။ သီချင်းရေး ပြီးတော့ ပြန်တီးရုံ သက်သက်ပါပဲ။ Studio တော့ မလုပ်ဖြစ်ပါဘူး။ တအား ခက်တယ်။ ထင်သလောက် မလွယ်ဘူး။ ပြည်ပ ကနေ ပြန်လာ တိုင်းတော့ Studio အတွက်တော့ ဝယ်လာဖြစ်တယ်” အိမ်မှာ ပြုလုပ်ထားတဲ့ Home Studio နဲ့ ပတ်သက်ပြီး Lလွန်းဝါက ပြောပြပါတယ်။

လင်းအက္ခရာ/popularmyanmar

No comments:

Post a Comment