18 March 2014

မေလ ၁ရက်နေ့မှာ တစ်ကိုယ်တော်ဖျော် ဖြေပွဲပြုလုပ်မယ့် သားစိုး

တေးသံရှင်သားစိုးက သူ့ရဲ့ အာလူးသာကူးနှာဘူးဂန်ဒူး အခွေ သစ်ကို ဧပြီလ ၁ရက်နေ့မှာ ထွက်ရှိ မှာဖြစ်ပြီး မေလထဲမှာတော့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲ ကို ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သားစိုးက ” မြန်မာ့ဂီတကို dance မြူးဇစ်နဲ့ ပေါင်းပြီး ချပြချင်တာပါ။ အဲဒါကြောင့် လုပ် တာ ပါ။ ဆိုင်းဝိုင်းပါမယ်။ Orchestra တွေပါမယ်။ ဒီဂျေတွေလည်းပါမယ်။ သီအိုရီတုန်းက သီချင်းတွေရော၊ ရောသမမွှေက သီချင်းတွေရော၊ အားလုံးဆိုမှာပါ။ ပြီးတော့
အခွေသစ်ကလည်း ဧပြီမှာထွက်မှာဆိုတော့ အဲဒီထဲကသီချင်းတွေပါဆိုမယ်။ Featuring ဆိုမယ့်လူတွေလည်း ပါမှာပါ။ DJ ကတော့ DJ wine, Music arrange လုပ် မှာက ကိုဓီရာမိုရ်၊ ပြီးတောကိုမိုးနိုင် (ဂီတ မိတ်) လည်းပါမယ်။
ပြီးတော့ သီချင်း တစ်ပုဒ်ချင်းစီ ဘယ်ကဖြစ်တည်လာ သလဲဆိုတာလေးတွေကိုပါ ရှင်းပြ ပေးမှာပါ” လို့ ပြော တဲ့သားစိုးက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်ရှိုးကို တော့ တာမွေရှိ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပရိသတ် အားလုံးလာရောက်ကြည့်ရှုနိုင်ဖို့ အတွက် အခမဲ့ဖျော်ဖြေပွဲပြုလုပ်မှာ ဖြစ် တယ်လို့လည်း သိရပါတယ်။ သားစိုး ရဲ့တစ်ကိုယ်တော်ရှိုးမှာတော့ သားစိုး ရဲ့အနုပညာမိတ်ဆွေအားလုံးပါဝင် ကြမှာဖြစ်ပြီးမေ လ ၁ရက်နေ့ မှာပြု လုပ်မှာဖြစ်တယ်လို့သိရပါတယ်။

popularmyanmar

No comments:

Post a Comment