10 March 2014

သင်္ကြန်မှာ လွမ်းဆွေးတဲ့ ခံစားချက်တစ်ခုကျန်စေမယ့် သီချင်းတစ်ပုဒ်ရေးဆိုထားတဲ့ Bobby Soxer

ဟစ်ဟော့ပ်အဆိုတော် Bobby Soxer  က၊ မတ်လ ၃ဝရက်နေ့၊ ပြည်သူ့ဥယျာဉ်မှာ ကျင်းပမယ့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ အနုပညာ ပွဲတော် မှာ သူငယ်ချင်းမိန်းကလေး တွေနဲ့အတူ လူရွှင်တော်အ ဖြစ်ဖျော်ဖြေမှာဖြစ်ပါ တယ်။ မကြာခင်မှာ မြန်မာ့ရိုးရာ အတာ သင်္ကြန်ကာလကို ရောက်ရှိတော့ မှာ ဖြစ် တာကြောင့် သင်္ကြန်သီချင်း နဲ့ ပတ်သက်ပြီးBobby Soxer  ကမာစတာသင်္ကြန် အခွေမှာ လွှမ်းပိုင်နဲ့ အ တူ ‘အများနဲ့မသက်ဆိုင် တဲ့ငါ’ ဆိုတဲ့ သင်္ကြန် သီချင်းတစ်ပုဒ်ကို သီဆို ထားပါတယ်။ သင်္ကြန် သီချင်းဆိုအလွမ်းပုံစံ တွေ ဘက်ကို အားသန်ကြောင်း ပြောတဲ့ Bobby Soxer  က “ဒီ နှစ် ကတော့ ထက်ထက်ကသင်္ကြန် သီချင်းတစ်ပုဒ်ပဲ ဆိုထားပါတယ်။ အဲဒါကတော့ ကိုလွှမ်းပိုင်နဲ့ဆို ထားတဲ့ ‘အများနဲ့မသက်ဆိုင်တဲ့ ငါ’ ဆိုတဲ့ သီ ချင်းလေးပါ။ အခုအမ် တီဗီထွက် နေပါပြီ။ မနှစ်က ကို လွှမ်းပိုင်နဲ့ပဲ ဆိုထားတဲ့ ‘သင်္ကြန် အိပ်မက်’ ထက် ပိုကောင်းအောင် လုပ်ထားလားဆို တော့ ဒါက ပရိ သတ်နားထောင်ပြီး ဆုံးဖြတ်ပေးရ မှာပါ။ ဒီနှစ်သီချင်းလေးကလည်း အဲဒီလိုသင်္ကြန်နဲ့ပတ်သက်ပြီး လွမ်း ဆွေးတဲ့ခံစားချက် တစ်ခုကျန် ခဲ့အောင် ရေးထားတာပါ” လို့ ပြောပါတယ်။ Bobby Soxer  က သူမရဲ့ တစ်ကိုယ် တော်အခွေကို သင်္ကြန် အပြီး မိုးတွင်း လောက်မှာ ထွက်နိုင်ေ အာင် ကြိုး စားနေကြောင်းလည်း သိရပါ တယ်။

မျိုးမောင်/popularmyanmar

No comments:

Post a Comment