10 March 2014

မန္တလးမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကြီးအတွက် ပြင်ဆင်နေတဲ့ စိုးသူ

စိုးသူက Past & Present  စိုးသူ Live @ Mandalay  ဖျော်ဖြေပွဲကြီးကို မတ်လ၂၉ ရက်နေ့ မန္တလေးမှာ ပြုလုပ်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရ ပါ တယ်။ မနှစ်တုန်းက ရန်ကုန် မြို့မိုင်ဒါကွင်းမှာ ကျင်းပတဲ့ Past & Present စိုးသူ  Live အခမဲ့ ဖျော်ဖြေပွဲကြီးကလည်း ပရိသတ်တွေ အထူးအားပေးခဲ့ ကြပြီး အောင်မြင်မှု များရ ရှိခဲ့တာကြောင့် ဒီနှစ်မန္တလေးမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကို လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ် တယ်လို့ စိုးသူက ပြောပါတယ်။
“အခုလောလောဆယ်တော့ ဒီပွဲအတွက်ပဲ အားစိုက်ပြီး လုပ်နေပါတယ်။ အရင်လိုပဲ အားပါးတရ ဖျော်ဖြေပါမယ်။ ကိုယ်ပေးနိုင်တဲ့ ဘက်က အစွမ်းအဆောင်နိုင်ဆုံး အဆင် ပြေပြေနဲ့ ကြည့်ရတာပျော် ပျော်ရွှင်ရွှင်လေးဖြစ်အောင် မိဘ ပြည်သူတွေကို တင်ဆက်မယ်လို့ စိတ်ကူးစီစဉ်ထား တယ်။ စီစဉ်ထားတဲ့အတိုင်း ဖြစ်အောင်လို့ ကြိုးစား ပြီး ဆောင်ရွက်ရမှာပေါ့။ရန်ကုန်မှာလုပ်တဲ့Past & Present  လုပ်သလိုပဲ အားပါးတရဖျော်ဖြေ မှာဆိုတော့ အဲဒီတုန်းက သီချင်းအပုဒ်ရေမျိုးလောက်ပဲ ဖျော်ဖြေမှာပါ။ပြည်ပရောက်နေတဲ့သူ တွေ လည်း ပြန်လာကြမယ်။ နယ်ရောက် နေ တဲ့သူေ တွ၊ ခရီးသွားနေတဲ့သူတွေ လည်း ကြည့်ချင်လို့ ပြန်လာကြမယ် ပြောပါတယ်။
အားလုံးက အားခဲပြီး ဒီပွဲကိုကြည့်ကြမယ်။ အဲဒီအတွက် လည်း ဝမ်း သာတယ်။ အဲဒါကြောင့် ကိုယ့်ဘက်ကလည်း သေသေချာချာ လေး အားပါးတရ ဖျော်ဖြေမယ်လို့ စီစဉ်ထားပါတယ်။ ဒီလိုပွဲမျိုးကို အား အင်အပြည့်နဲ့ ကြိုးစား ဆောင် ရွက်မှာဆိုတော့ ဒီလိုပွဲမျိုးကို ခဏ ခဏတော့လုပ်ဖြစ်ဖို့ အကြောင်း တော့မရှိလှဘူး။ပရိသတ်တွေ အတွက် အားပါးတရ ဖျော်ဖြေ ချင်တယ်။ အဲ ဒါကြောင့်လာပြီးချီးမြှင့် အားပေးကြ ပါလို့ပြောချင်ပါတယ်” လို့ပြောပါတယ်။ စိုးသူက ကိုယ်ပိုင်သံစဉ် သီချင်းခွေ တစ်ခွေထွက်ဖို့စီ စဉ်နေပြီး မန္တလေး ဖျော်ဖြေပွဲပြီးတာနဲ့ပရိသတ်လက်ထဲ ကို မြန်နိုင်သမျှ အမြန်ဆုံး ရောက်ရှိ အောင်ကြိုးစားဆောင်ရွက်နေတယ် လို့ ပြောပါတယ်။

ခိုင်ဝေလွင်/popularmyanmar

No comments:

Post a Comment