18 March 2014

ဇာတ်လမ်း၊ ဇာတ် ညွှန်း၊ ဒါရိုက်တာလိုင်း ဘက်ကို အချိန်ပေး ဖြစ်နေတာကြောင့် ဝတ္ထုရေးတဲ့ ဘက်မှာ အားနည်းသွားတယ် ဆိုတဲ့ သည်ခေတ်နေ

လူငယ် စာရေးဆရာ သည် ခေတ်နေက ဇာတ်လမ်း၊ ဇာတ် ညွှန်း၊ ဒါရိုက်တာ အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကို ရိုက်ကူး လာတာ တွေ့ရပါတယ်။ စာရေးဆရာ တစ်ဦး အနေနဲ့ စာတွေစရေး ကတည်းက ဒါရိုက်တာ ဖြစ်ချင်ခဲ့တဲ့ အကြောင်းကို သည်ခေတ်နေက “ကျွန်တော်က Creation တအား လုပ်ချင်တာ။ စာရေးတယ် ဆိုတာက လည်း ဝတ္ထုပဲဖြစ်ဖြစ်၊ ဇာတ်ညွှန်း ပဲဖြစ်ဖြစ် အရုပ်တွေမြင် ပြီးပဲ ရေးရတာပဲလေ။ စာရေး ကတည်းကိုက ဒါရိုက်တာ လုပ်ဖို့ ဝါသနာပါခဲ့တာပါ။ ကျွန်တော် အဖြစ်ချင်ဆုံး ဆန္ဒက ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာပါပဲ။ ကျွန်တော်ရေးတဲ့ စာအုပ်ကို သိပ်တော့ ပြန်မရိုက်ဖြစ်ဘူး။ အဓိကကတော့ ဗီဒီယို ရိုက်ဖို့ အတွက်ကိုပဲ ဇာတ်လမ်းရေး ပါတယ်။ ကိုယ့် စိတ်ကူးထဲက အတိုင်းလေးတွေကို ပရိသတ်ကို ချပြချင်တယ်။ ဒီလောက်ထိ ပဲ ရည်ရွယ်ထားပါတယ်” လို့ ပြောပါတယ်။ သည်ခေတ်နေက စိတ်ကူး ယဉ်ဆန် တဲ့ဇာတ်လမ်းမျိုး၊ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးတွေကို အများဆုံး ရိုက်ကူး တင်ဆက်သွား မှာဖြစ်ကြောင်း ပြောပါတယ်။ ဒါရိုက်တာ ဘက်ကို အချိန်ပိုပေး သွား မှာဖြစ်ကြောင်းကို သည်ခေတ်နေက “ဝတ္ထုရေးတဲ့ ဘက်ကို အချိန် သိပ်မပေးဖြစ်တော့ဘူး။ ဒါရိုက်တာ ဘက်ကို အချိန် အများကြီးပေး ဖြစ်တယ်။ ကိုယ်ရိုက်မယ့် ဇာတ်ကား ကို ဇာတ်လမ်း လည်းရေးရတယ်၊ ဇာတ်ညွှန်းလည်း ရေးရတယ်။ အဲဒီအတွက် အချိန်ပေးနေ ရတော့ ဝတ္ထု အတွက်တော့ အားနည်း သွားတယ်။ ဝတ္ထု ကတော့ မထွက်ဘူးတော့ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ကူးရတဲ့ အချိန်နဲ့ ကျွန်တော် ရေးဖြစ်တဲ့အချိန် တော်တော်လေး ကြာမှ ထွက်ဖြစ်မယ်။ ဒါပေမဲ့ ဝတ္ထုဘက် ကိုတော့ သိပ် မသွားတော့ဘူး။ အဓိကကတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ လိုင်းပါပဲ” လို့ ပြောပါတယ်။
သည်ခေတ်နေက ဒါရိုက်တာ အနေနဲ့ သရဲခြောက်တဲ့ ဂိမ်းနဲ့ Connection ဇာတ်ကားများကို စတင် ရိုက်ကူးခဲ့ပြီး လတ်တလော ရိုက်ကူးနေတဲ့ အရုပ် ကလေးကို ကျွန်တော်ပြန် မပေးပါ ဇာတ်ကားက သူ့ရဲ့ ရှစ်ကားမြောက် ဇာတ်ကား ဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်/popularmyanmar.com

No comments:

Post a Comment