18 March 2014

ဒါရိုက်တာဆိုတာ ရိုက်ကွင်း ဘုရင်ပဲလို့ ဆိုတဲ့ ဦးကျော်သူနဲ့ စပ်မိစပ်ရာ အနုပညာခဲခြစ်


ရုပ်ရှင် မင်းသား ဘဝမှာ အောင်မြင် ကျော်ကြား ခဲ့သလို ၊ပရဟိတ လူသားဘဝ မှာလည်း အောင်မြင် ကျော်ကြားနေသူ နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော် သူ က သူတို့ ဖြတ်သန်းခဲ့ ရတဲ့ ခေတ်ကာလ ရုပ်ရှင် ဒါရိုက်တာ တစ် ယောက် အပေါ် ထားရှိတဲ့ ရိုသေ ကိုင်းရှိုင်းစွာ ရှိမှု အကြောင်းနဲ့ အနုပညာ ရေးရာ အကြောင်းတွေ မေးမြန်းဖြစ် ခဲ့ပါတယ်။
“ကျွန်တော် တို့ခေတ်က ဒါရိုက်တာ ဆိုတာ ရိုက်ကွင်းဘုရင်ပဲ။ သူပြီးရင် အကုန်လုံး ပြီးတယ်။ ခင်မောင်ဦး စိုးသိမ်း ထွဋ်နဲ့လည်း အများကြီး ရိုက်ဖူးတယ်။ အခြား ဒါရိုက်တာတွေ နဲ့လည်း အများကြီး ရိုက်ဖူးတယ်။ ပြန်ပြောတာ တို့ မလုပ်ရဲဘူး။ အခုက မင်းသား၊ မင်းသမီးတွေက ရိုက်ကွင်း ဘုရင် ဖြစ်နေတယ်။ ဒီခေတ်မင်းသား၊ မင်းသမီး အငယ်တွေ က သမ္ဘာတွေ၊ ဝါတွေဆိုတာကို မသိကြဘူး။ ဦးညွန့်ဝင်း ဘယ်သူ လဲမေးရင် အားလုံး သိချင် မှသိမယ်။ မင်းသားဦးဇော်ခင် ဆိုတာ ခေတ် တစ်ခေတ် ထူထောင်တဲ့ မင်း သားကြီး ဖြစ်တယ်။ မင်းသမီး ဒေါ်ခင်ယုမေ ဆိုလည်း မော်ဒယ်တစ်ခေတ်၊ ဖက်ရှင် တစ်ခေတ် ထူထောင်ခဲ့ တယ်။ အင်မတန် တော်တဲ့ အနု ပညာ ဝါရင့်တွေဖြစ်တယ်။
သူတို့ ဆုံးကြတော့ သူတို့နာရေးမှာ မင်းသား၊ မင်းသမီးငယ်တွေ ပေါက်စ လေးတွေ လာဖို့မပြော နဲ့ ရုပ်ရှင် အစည်းအရုံးက လူတွေ တောင် မတွေ့ ရဘူး။ ဘာပဲ ဖြစ်ဖြစ် ကိုယ့် လောကသားတွေ ကို ဂါရဝ ကျေးဇူးတရားကို သိဖို့လိုတယ်။ အဲဒီလို စိတ်ဓာတ်တွေ ပျောက်သွားတဲ့ အတွက် အနုပညာလောက က အောက် အဆင့် ရောက်သွားတာပါ” လို့ ပြောပြခဲ့ပါတယ်။
အခု နာရေး ကူညီမှု အသင်း (ရန်ကုန်)က ရိုက်ကူးမယ့် ပရဟိတ ဇာတ်ကား အကြောင်းကို မေးကြည့်တော့ “ဒီဇာတ်ကားက နယ်တကာ လှည့်ပြီး ရိုက်မှာ။ ပြည်သူတွေ ကြားက သုခတွေ၊ ဒုက္ခတွေကို ရိုက်ပြချင်တယ်။ ဒါရိုက်တာ အနေနဲ့ ပါဝင်မယ်။ သရုပ်ဆောင် ဘက်ကလည်း ဝါကြီး တွေ ကမ်းလှမ်းထား တယ်။ ကျွန်တော်က ဒါရိုက်တာ လုပ်မှာဖြစ်တဲ့ အတွက် ကျွန်တော့်ကား ဆိုရင် ကျွန်တော် လိုချင်တဲ့ပုံစံ အတိုင်း လုပ်ပေးနိုင်မယ်။ တကယ့် ကုသိုလ်ရေး ကိစ္စမှာ ပါဝင် လုပ်ဆောင်ချင် စိတ်ရှိမှ ခေါ်မယ်။ စီးပွားရေး ပုံစံနဲ့ လာလုပ်ရင်တော့ လက်မခံဘူး။ ဇာတ်ကား ရိုက်ရင်း တန်းလန်း၊ ကြော်ငြာပြေး ရိုက်တာလည်း မကြိုက် ဘူး။”လို့ ပြောပါတယ်။
ဦးကျော်သူ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖို့ရော၊ အစီအစဉ်ရှိ လားလို့ မေးကြည့်တော့ “ဆရာနေဝင်းမြင့် က မင်းနဲ့ လိုက်ဖက်မယ့် ကာရိုက်တာ ဆိုရင်တော့ လုပ်မယ်။ သူ့ပေါ်မှာ မူတည်တယ်။ ဗိုလ်ချုပ်ကား နဲ့ပတ်သက်ပြီး ကျွန်တော် ပြောခဲ့တဲ့ စကား တစ်ခွန်း ရှိတယ်။ အဲဒီ ဇာတ်ကားမှာ ကျွန်တော်သာ အင်းယား ကန်ဘောင်ပေါ်မှာ အကြော် ရောင်းတဲ့ အခန်းမှာ ပါရရင်တောင် လုပ် မယ်။ နေရာရွေးဖို့ မလိုပါဘူး။ အဓိကက ပါဝင်ဖို့ ပဲလိုတယ်။ ကျွန်တော်နဲ့ လိုက် ဖက်ပြီး ဇာတ်ညွန်း ဆန်းလို့ ဆရာနေ ဝင်းမြင့်က ပါဝင်ပါလို့ ပြောလာရင် ပါဝင်မယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတွေ မှာ မြန်မာနိုင်ငံက ဝင်ချင်ရင် မြန်မာနိုင်ငံမှာ အကယ် ဒမီ ရပြီးသားကားမှ ဝင်လို့ရ တယ် ဆိုတဲ့ မူဝါဒ ရှိတယ်။ ဒါတွေကိုတော့ မလုပ်သင့်တော့ဘူး။ အားလုံး ပြုပြင်သင့်တယ်။ အစိုးရက အနုပညာ ပံ့ပိုးမှုမြှင့်တင် လာတယ်။ အရင်က ကျွန်တော် တို့ဆို ရုပ်ရှင် တစ်ကား ရိုက်ရင် ၁လ၊ ၂လ ကြာတယ်။ စေတနာ မှန်ရင် စေတနာ ရောင်ပြန်ဟပ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။ နာရေး ကူညီမှုအသင်း (ရန်ကုန်) ရိုက်ကူးမယ့် ဇာတ်ကား၊ ဇာတ်ညွှန်း ပြီးတာ နဲ့ စတင် ရိုက်ကူးနိုင်ဖို့ လုပ်ဆောင်နေတယ် လို့ ဦးကျော်သူက ပြောပြခဲ့ပါတယ်။

popularmyanmar

No comments:

Post a Comment