27 March 2014

နေ့ခင်းဘက် အဝတ်အထည်ရောင်းသူ လည်ပင်း ကြိုးစွပ် ဆွဲကြိုးဖြတ်မှုဖြစ်ပွား

 
၂၇ မတ်လ အိမ်မဲ

ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့   ၊ မြို့မ ဈေးအပြင် တန်းအဝတ်အထည် ဆိုင် ခန်းတွင် ဆိုင် ပေါ်တက်၍ဈေး ရောင်းသူ အမျိုးသမီးအား လည်ပင်း ကြိုးနှင့်ဆွဲ ညစ်ပြီးရွှေဆွဲကြိုးနှင့် ဟန်းဖုန်းလုယက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ(27.3.2014)နေ့လည် ၁ နာရီ ၄၅မိနစ်တွင် အိမ်မဲမြို့ မြို့မ ဈေးအပြင် တန်း အဝတ်အထည်ရောင်း ဆိုင် ခန်း  ရုံ( 1 ) အခန်း ( 9 ) တွင် အဝတ် အထည်များ ရောင် ချလျှက်ရှိ သော ဒေါ်……………၏ ဈေးဆိုင် ခန်းသို့ အမည်မသိ သော အမျိုးသားတစ်ဦးမှ အင်္ကျီ ဝယ် ရန် ဈေးမေးမြန်း၍ ၎င်း၏မိန်းမ ဖြစ်သူအား စောင့်မည်ပြော၍ ခဏထိုင် စောင့်ခဲ့သည်။ ထို့နောက် လက်ဖက် ရည် သွားသောက်မည် ပြန်လာမည်ဆို၍ ထွက်သွားခဲ့သည်။ နောက်တစ်ကြိမ်ပြန် ရောက် လာ၍ ၎င်း၏အမျိုးသမီးအား  ဆိုင်၌ပင် စောင့်မည် အင်္ကျီကြိုက် ၍ယူမည်
ဟုပြောပြီးထိုင် စောင့် နေခဲ့သည်။ အထည်ဆိုင်ကျောဘက်စင် မြင့်  ရှိ ပုဆိုးအား ယူပြပါ ပြောသဖြင့် ဆိုင် ရှင် အမျိုးသမီး ပုဆိုးလှမ်းယူစဉ် နောက်မှ လည်ပင်းအား ကြိုးဖြင့် ညစ်၍စောင့်ဆွဲသဖြင့် အထည် ဆိုင် ပိုင် ရှင် အမျိုးသမီးမှာလဲကျသွားခဲ့သည်။ ထို့နောက် လည်ပင်း၌ ဆွဲထားသော လော့ကပ်သီးပါ ရွှေဆွဲကြိုး ၂ကျပ်ခွဲသားနှင့် CDMA ဖုန်းဟန်းဆက်ပါ ၈၅၇၅၂၀၀ အား ယူဆောင် ထွက် ပြေးသွားခဲ့သည်။

အခင်းဖြစ်ပွာစဉ် အဝတ် အထည်များ ရောင်းချရန် ဘေးနှစ်ဖက်၌ချိတ် ဆွဲထားခြင်း ၊ ဆိုင် ရှေ့နေထိုးသဖြင့် အမိုးအကာချထားခြင်း များကြောင့် ဆိုင် နီးချင်းများမသိလိုက်ကြ ကြောင်းသိခဲ့ရသည်။ လည်ပင်းညစ်အလုခံရ သောအမျိုးသမီးမှ ```နောက်က နေကြိုးနဲ့ ညစ်တာ သိသိခြင်း ကြိုးကိုလက်နဲ့ခံပြီးပြန်ဆွဲထား ခဲ့ပါတယ်။ သတိတော့ လစ်တယ်လို့ မဟုတ်ဘူး သိတော့ သိတယ်။ ကြိုးနဲ့တအားဆွဲတော့
လဲကျသွားပါတယ်။´´´ဟုပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား အိမ်မဲရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ခဲ့ရာ (ပ)၂၅/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၉၂ ဖြင့်အမှု
ဖွင့် လှစ်ခဲ့ပြီး တရားခံအားစုံစမ်း ရှာ ဖွေလျှက် ရှိ ကြောင်းသိရသည်။

ဇော်လင်း ထွေး  (အိမ်မဲ)

BY THIT HTOO LWIN


No comments:

Post a Comment