27 March 2014

ရေအောက် ရှုခင်းများကို ကြည့်ရှု ခံစားနိုင်မည့် လူငါးဦးတင် ရေငုပ်သင်္ဘော တစ်စင်း အမေရိကန် တည်ဆောက်


အမေရိကန် ရေငုပ်သင်္ဘောတည် ဆောက်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Oceangate ကုမ္ပဏီသည် သမုဒ္ဒရာ ကြမ်းပြင်အောက် နှစ်မိုင် နီးပါးခန့်တွင် မောင်းနှင်နိုင်ပြီး ခရီးသည် ငါးဦးတင် ဆောင်နိုင်သည့် ရေငုပ် သင်္ဘောတစ်စင်းကို တည်ဆောက်နိုင်ရန်

ဝါရှင်တန်မြို့ရှိ ရူပဗေဒဆိုင်ရာ လက်တွေ့အသုံးချ ဓာတ်ခွဲခန်း ဌာနနှင့်အတူ ပူးတွဲစမ်းသပ် ခဲ့ကြ သည်ဟု အင်တာနက် သတင်း တစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ရေငုပ် သင်္ဘော၏ ကိုယ်ထည်ကို ကာဗွန်ဖိုင်ဘာဖြင့် ပြုလုပ်ထားပြီး ရေငုပ်သင်္ဘော၏ အမိုးခုံးမှာ ငါးပေ အကျယ်ရှိသည်ဟု သိရသည်။ ပုံစံမှာ ကျည်ဆန် ပုံသဏ္ဌာန်ဖြစ်ပြီး ၎င်း ရေငုပ်သင်္ဘောမှာ တစ်နာရီ မပြည့်မီ အချိန်ကာလတွင် ရေအောက်ထဲသို့ ထိုးဆင်း နိုင်စွမ်း ရှိသည်ဟု သိရသည်။

ထို့အပြင် ရေငုပ်သင်္ဘောသည် ခရီးသည် ငါးဦးကို တင်ဆောင်နိုင်ပြီး လိုက်ပါလာသည့် ခရီးသည်များ အနေဖြင့် ၁၈ဝ ဒီဂရီ အတွင်းရှိ ရေအောက် မြင်ကွင်းများကို ကြည့်ရှု လေ့ လာနိုင်မည်ဖြစ်ကြောင်းနှင့် ၎င်းရေငုပ်သင်္ဘောသည် ရေအောက် အနက် ၉၈၄၂ ပေ သို့မဟုတ် မီတာ ၃ဝဝဝ အထိ ရောက်ရှိ နိုင်သည်ဟုသိရသည်။

Myawady News

No comments:

Post a Comment