30 March 2014
လမ်းဘေးက အိမ်ခြေရာမဲ့ကို အင်္ကျီချွတ်ပြီး ပေးခဲ့တဲ့ ချီးကျူးဖွယ် ရဲ
နယူးယော့ခ် မြို့ မှာ တာဝန် ထမ်းဆောင် နေတဲ့ ရဲ အရာ ရှိ ကားလို့စ် ရာမို့စ် ဟာ သူ့ရဲ့ မွန်မြတ် လှတဲ့ လုပ် ရပ် ကြောင့် မီဒီယာ တွေရဲ့ ချီးကျူး ရေးသား မှုကို ခံခဲ့ရ တယ်လို့ သိရှိ ရပါ တယ်။
ကားလို့စ် ရာမို့စ် ဟာ တာဝန်ထမ်း ဆောင် နေရင်း အိမ်ခြေ မဲ့ တစ်ဦး ကို အကူ အညီ တွေ ပေး ခဲ့ခြင်း ကြောင့် အခုလို ချီးကျူး ခံရခြင်း ဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ရာမို့စ်ဟာ နယူးယော့ခ်မြို့ရဲ့ လူစည် ကားရာ ဒေသမှာ တာဝန် ထမ်းဆောင် နေရင်း ဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့် အနွေး ဓာတ် လို အပ်နေ တဲ့ အိမ်ခြေမဲ့ တစ်ဦးကို သူ့ရဲ့ အင်္ကျီကို ချွတ်ပြီး ပေးခဲ့ပါတယ်။ ဒီ လုပ်ရပ် ကို ဂျာနယ် လစ် တစ်ဦးက မှတ်တမ်း တင်ပြီး ရေး သား ဖော်ပြ မှုပြု လုပ်ခဲ့ပါ တယ်။ အိမ်ခြေမဲ့ တစ်ဦးဟာ ဆောင်းရာသီ ရဲ့ အေးခဲ မှုကို မခံနိုင် ဘဲ ဓာတ်တိုင် လေးကို မှီပြီး မှေးစက် နေချိန် မှာ ရာမို့စ်က သူ့ရဲ့ ကုတ် အင်္ကျီကို ချွတ်ပြီး ပေး ခဲ့ခြင်း ဖြစ်ပါတယ်။
ရာမို့စ်က သူ့ကို မြင် လိုက်ရတဲ့အချိန်မှာ အကူ အညီ တစ်ခု လိုအပ် နေတယ် လို့ ယူဆခဲ့ ပါ တယ်။ ကျွန်တော့် ရဲ့ အလုပ် က လူသားတွေကို ကူညီဖို့ဖြစ်ပါတယ်။ သူ့မှာ ကုတ်အင်္ကျီ မရှိဘူးလို့ မြင်တွေ့ ခဲ့ရပါတယ်။ ဒီလိုအချိန်ဟာ အရမ်းကို အေးလွန်းနေပါ တယ်။ ဒါကြောင့် သူနွေးထွေးမှုရှိစေဖို့ ကျွန် တော့်ရဲ့ ကုတ်အင်္ကျီကို ပေးခဲ့ခြင်း ဖြစ်ပါ တယ်””လို့ ပြောကြားသွားခဲ့ပါတယ်။ ရာမို့စ် ဟာ နယူးယော့ခ်မြို့ရှိ အ ထူးရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ၂၀၀၇ ကတည်းက တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ရာမို့စ် ဟာ တာဝန် ထမ်းဆောင် ရင်း လမ်းမှာမြင်တွေ့တဲ့ ဒုက္ခရောက်နေသူတွေကို အမြဲတမ်း ကူညီမှု တွေပေးလေ့ရှိတယ်လို့ သိ ရပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ရဲအရာရှိဒီပရီမိုဟာ အိမ် ခြေမဲ့တစ်ဦးကို ဒေါ်လာ(၁၀၀)တန် ဖိနပ် တစ်ရံ ၀ယ်ပေးနေပုံကို ဂျာနယ်လစ်တစ်ဦးက ဓာတ်ပုံမှတ်တမ်းတင်ခဲ့ရာမှာ ထင်ရှားတဲ့ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ ပါ တယ်။
The Messenger
No comments:
Post a Comment